သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်အတွင်းမှာ စက်သုံးဆီကို ဂါလံပုံး၊ ပေပါပုံးတွေနဲ့ ဝယ်ယူပါက ဝယ်ယူတဲ့ ငွေပမာဏရဲ့ ၅ ရာခိုင်နှုန်းကို စစ်ကောင်စီအား ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေထဲကို တခါတည်းဆီထည့်ပြီး ဝယ်ယူပါက စစ်တပ်ကို ရာခိုင်နှုန်း ပိုက်ဆံမပေးရသော်လည်း ဂါလံပုံးနဲ့ ပေပါပုံးလိုက် စက်သုံးဆီအရောင်းဆိုင်တွေမှာ ဝယ်ယူပါက ဝယ်ယူတဲ့တန်ဖိုးရဲ့ ၅ ရာခိုင်နှုန်းကို စစ်ကောင်စီကို ပေးရမယ်လို့ စစ်ကောင်စီနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက စက်သုံးဆီအရောင်းဆိုင်တွေကို မှာထားတယ်လို့ ဆိုပါတယ်။
ယခုလို စက်သုံးဆီလာဝယ်တဲ့ တောင်သူတွေဆီကနေ ဆက်ကြေးကောက်ရာခိုင်နှုန်းနဲ့ ဖြတ်နေတာကို စက်တင်ဘာလလောက်ကစပြီး ငဖြူလေးကျေးရွာ၊ သုံးဆယ်မြို့ပေါ်က ဆီဆိုင်တွေအပြင် သာယာဝတီ မြို့နယ်အတွင်းက စက်သုံးဆီအရောင်းဆိုင်အားလုံးမှာ လုပ်နေတာလို့ သိရပါတယ်။
စက်သုံးဆီအရောင်းဆိုင်တွေမှာ အဲ့ဒီလို ငွေကြေးကောက်ခံနေတာကြောင့် လယ်ယာသုံးစက်ပစ္စည်းတွေကို အသုံးပြုနေရတဲ့ တောင်သူတွေအနေနဲ့ ကုန်ကျစရိတ်တွေ ပိုမိုကုန်ကျနေရတယ်လို့ သာယာဝတီမြို့နယ်က တောင်သူတဦးက ပြောပါတယ်။
"ဆိုင်မှာ ဂါလံပုံးတွေနဲ့ သွားဝယ်ရင် ၁၀,၀၀၀ ဖိုး ဝယ်ရင် ၅၀၀ ကျပ်ပေးရတယ်။ မပေးရင် မရောင်းပေးဘူး။ အဲ့တော့ လယ်ယာလုပ်ဖို့ ဆီကလည်း မဖြစ်မနေ လိုတာဆိုတော့ မကျေနပ်ပေမယ့် ပေးနေရတယ်" လို့ သူက ထပ်ပြောပြပါတယ်။
တောင်သူတွေမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ သွင်းအားစုတွေ စျေးတက်လို့ တွက်ခြေမကိုက်ဘဲ အရှုံးပေါ်နေတဲ့ အချိန် ယခုလို စက်သုံးဆီဝယ်ယူချိန် ဆက်ကြေးသဘောမျိုး အခွန်ဆိုပြီးပေးနေရလို့ မကျေနပ်ကြဘူးလို့ ဆိုပါတယ်။
ပုံစာ - စက်သုံးဆီကို ပုံးတွေနှင့် တန်းစီးဝယ်ယူနေပုံ (ပုံဟောင်း)
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း #သာယာဝတီ #စက်သုံးဆီ #ဆက်ကြေး #တောင်းရမ်း #အုပ်ချုပ်ရေးအဖွဲ့ #စစ်ကောင်စီ #မြေလတ်သတင်း #သတင်း
Share Share Share