သာယာဝတီမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၃ ဦးကို စစ်ကောင်စီပစ်သတ်

သာယာဝတီမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၃ ဦးကို စစ်ကောင်စီပစ်သတ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ရွာသာအေးရွာနဲ့ ဖားရွှေကျော်ရွာကြားမှာ စစ်ကောင်စီက လူငယ် ၃ ဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၁၂ ရက် ဒီနေ့ မနက် ၃ နာရီခန့်မှာ ဆိုင်ကယ်နဲ့လာတဲ့ လူငယ် ၃ ဦးကို စစ်ကောင်စီကင်းပုန်းက ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"အဲဒီရွာကြားမှာ ပစ်ခတ်မှုဖြစ်ပြီး လူငယ် ၃ ဦးသေတယ်လို့ သိရတယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးဘူး။ အလောင်းကိုလည်း စကစဘက်ကပဲ ကောက်သွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ပစ်သတ်လိုက်တဲ့ လူငယ် ၃ ဦးဟာ အသက် ၂၀ ကျော်အရွယ် လူငယ်တွေဖြစ်ပြီး ဘယ်သူဘယ်ဝါနဲ့ ဘယ်ရွာခံတွေဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။

" PDF တွေ မဟုတ်ဘူး။ ပြည်သူတွေ ဖြစ်နိုင်တယ်။ အဲ့သတင်းနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စုံစမ်းနေပါတယ်" လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်တွေမှာတော့ အဲ့ဒီအမျိုးသား ၃ ဦးဟာ PDF တွေဖြစ်ပြီး မိုင်းလာထောင်ချိန် တားဆီးစစ်ဆေးတာကို လက်မခံဘဲ ထွက်ပြေးတာကြောင့် ပစ်သတ်လိုက်တာလို့ ရေးသားထားကြပါတယ်။

စက်တင်ဘာ ၁၁ ရက် ညနေ ၆ နာရီခန့်မှာ  သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့က စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး အသက် ၅၀ နှစ်အရွယ် ဒေါ်သိမ့်သိမ့်လွင်ကို သာယာဝတီမြို့ ခလရ ၃၅ စစ်တပ်အနီး သာယာအေးကျေးရွာလမ်းပေါ်မှာ ပစ်သတ်ခံလိုက်ရပါတယ်။

အဲ့ဒီနောက်ပိုင်း သာယာအေးကျေးရွာနဲ့ ဖားရွှေကျော်ကျေးရွာကြားမှာ စစ်ကောင်စီအင်အား ၅၀ ကျော်နဲ့ လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #သာယာဝတီမြို့နယ် #ရွာသာအေးရွာ #ဖားရွှေကျော်ရွာ #စစ်ကောင်စီ #ပစ်သတ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10