သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့က သူနာပြုဆရာမတဦး ဒီနေ့ မနက်ပိုင်း နေအိမ်မှာ လာပြီးဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
သာယာဝတီခရိုင်ဆေးရုံက အသက်၄၀ ဝန်းကျင် သူနာပြုဆရာမကြီး ဒေါ်ဥမ္မာကြည်ကို မတ်လ ၁၈ရက် ဒီနေ့ မနက် ၇နာရီ ဝန်းကျင်က ဒလံသတင်းပေးမှုကြောင့် ဓမ္မရိပ်သာလမ်းက အိမ်မှာ ဖမ်းခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
" အိမ်ပြန်ရောက်တာ ၂ရက်လောက်ပဲ ရှိသေးတာကို ဒလံသတင်းပေးမှုကြောင့် ရဲနဲ့ စစ်သား ၁၅ယောက်ဝန်းကျင်နဲ့ လာဖမ်းသွားတာ၊ လမ်းပိတ်ဖမ်းတာ သူ့အမျိုးသားကို ဆိုင်ကယ်မောင်းခိုင်းပြီး ခေါ်သွားတာ " လို့ ဒေသခံတဦးက ပြောပါတယ်။
အမျိုးသားဖြစ်သူကတော့ နေအိမ်မှာ ပြန်ရောက်နေပြီး သူနာပြုဆရာမကိုတော့ သာယာဝတီရဲစခန်းမှာဖမ်းဆီးထားတယ်လို့ သိရပါတယ်။
#မြေလတ်အသံ
Share Share Share