သားဖြစ်သူကို မတွေ့လို့ အသက်၇၀ကျော်အဖေဖြစ်သူကိုဖမ်းပြီး နေအိမ်ကိုချိတ်ပိတ်

သားဖြစ်သူကို မတွေ့လို့ အသက်၇၀ကျော်အဖေဖြစ်သူကိုဖမ်းပြီး နေအိမ်ကိုချိတ်ပိတ်

မကွေးတိုင်း မြို့သစ်မြို့မှာ စစ်ကောင်စီက သားဖြစ်သူကို ရှာမတွေ့လို့ အသက် ၇၄ နှစ်အရွယ် အဖေဖြစ်သူကို ဖမ်းသွားပြီး နေအိမ်ကို ချိတ်ပိတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ရက် ညနေပိုင်းမှာ မြို့သစ်မြို့ လယ်ပြင်ရပ်ကွက်က အိမ်တလုံးနဲ့ ပြင်လယ်တော မှာရှိတဲ့ နေအိမ်ကိုပါချိတ်ပိတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

" သူတို့က သားဖြစ်သူကို PDF အဖွဲ့ထဲကဆိုပြီး စွတ်စွဲပြီး ဖမ်းသွားတာ၊ မြို့သစ်ရဲစခန်းကို ဖမ်းသွားတယ်လို့ပဲ သိရတယ် ကျန်တာတော့ ဘာမှမသိရသေးဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းခံလိုက်ရတဲ့ အသက် ၇၄ နှစ်အရွယ် ဦးတင်ရွှေဟာ စီးပွားစီမံလက်ထောက်ညွှန်ကြားရေးမှူး( ငြိမ်း) ဖြစ်သလို တစည ပါတီရဲ့ ၂၀၂၀ မှာ ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီး ၃ရက်မြောက်တဲ့ အထိ အဆက်အသွယ်မရသေးတဲ့ ဦးတင်ရွှေဟာ အသက်ရွယ်အားဖြင့် ကြီးရင့်နေသူဖြစ်တာကြောင့် ကျန်းမာရေးအခြေ အနေကို မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10