သားမက်ဖြစ်သူ ဗိုလ်ကြီးအားကိုးနဲ့ထင်တိုင်းကြဲနေတဲ့ ကျီတော်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

သားမက်ဖြစ်သူ ဗိုလ်ကြီးအားကိုးနဲ့ထင်တိုင်းကြဲနေတဲ့ ကျီတော်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကျီတော်ကျေးရွာအုပ်ချုပ်ရေးမှူးပစ်သတ်ခံရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက် ၅ နာရီကျော်ခန့်မှာ ကျီတော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးအောင်ကို နေအိမ်မှာပဲ ဒေသကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"သူ့သမက်က စကစတပ်က အရာရှိဖြစ်တယ်။ ထန်းတပင်မှာ စကစ အားကိုးရဆုံး အုပ်ချုပ်ရေးမှူးတယောက်ဖြစ်တယ်။ ဒါကြောင့်လဲဒီဘက်က အဖွဲ့တွေကပစ်ခတ်ရှင်းလင်းလိုက်တာဖြစ်တယ်။" လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ အုပ်ချုပ်ရေးမှူး ဦးဌေးအောင် ၅၆ နှစ်ဟာ ဦးခေါင်း၊ ဝမ်းဗိုက်တွေမှာ သေနတ်ဒဏ်ရာ ၇ ချက်ရရှိပြီး နေရာမှာဘဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူး ဦးဌေးအောင်ကို နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ ထန်းတပင်ပကဖ (ကျွဲရိုင်းအဖွဲ့) ကရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ဦးဌေးအောင်ရဲ့သားမက်ဖြစ်သူဟာ စစ်ကောင်စီရဲ့ အမှတ်(၄၀၂)ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးရဲဝင်းအောင် (ကြည်း-၅၉၉၉၀) ဖြစ်​ပြီး သားမက်အားကိုး၊ စစ်ကောင်စီအားကိုးနဲ့ ပြည်သူအပေါ် ထင်တိုင်းကြဲအနိုင်ကျင့် ဗိုလ်ကျနေသူဖြစ်တယ်လို့ ဆိုပါတယ်။

ထန်းတပင်မြိုနယ်ထဲမှာ စစ်ကောင်စီဒေါက်တိုင်အုပ်ချုပ်ရေးမှူးတွေနဲ့စစ်ကောင်စီအဖွဲ့တွေ မကြာခဏတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိနေတာပါ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10