သိန်း ၉၀ ဖိုး မြေကွက်ပေါင်ပြီး လက်နက်တွေ ထုတ်နေတဲ့ SGF (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အခြေချထားတဲ့ Special Guerrilla Force Monywa တပ်ဖွဲ့ဟာ ငွေကြေးအခက်အခဲရှိနေတာကြောင့် ခေါင်းဆောင်ဖြစ်သူ ဗိုလ်မိုးZက သူပိုင်တဲ့ မြေကွက် ၂ ကွက်ကို ကျပ်သိန်း ၉၀ နဲ့ ပေါင်ထားပြီး အဲဒီပိုက်ဆံတွေနဲ့ တပ်ဖွဲ့အတွက် လက်နက်တွေကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ လက်နက်ကြီးတွေကို အဓိကအသုံးပြုနေကြတော့ လက်နက်ငယ်တွေထက်စာရင် စရိတ်က ပိုကြီးလို့ ရှိတဲ့ပိုက်ဆံနဲ့ မလောက်လို့ မြေကွက်ပေါင်ထားလိုက်တာလို့ ခေါင်းဆောင်ဖြစ်သူက ဆိုပါတယ်။ အဲဒီဘက် မြေပြင်အခြေအနေတွေက တိုက်ပွဲတွေ အနည်းအကျဥ်း အေးလာသလို ရှိနေတာကြောင့် လက်နက်ထုတ်လုပ်မှုပိုင်းကို ပိုပြီးလုပ်ဆောင်နေတာလို့လည်း သိရပါတယ်။


လာမယ့် စစ်ကောင်စီနဲ့ တိုက်ပွဲတွေမှာ လက်နက် လုံလုံလောက်လောက် အသုံးပြုနိုင်ဖို့ ဆီမီးအော်တို၊ မောင်းပြန်ကာဘိုင်၊ ရှော့ဒုံး နဲ့ ၆၀ မမတွေကို အခုလို တိုက်ပွဲတွေ နားထားချိန်မှာ အချိန်ယူ ထုတ်လုပ်နေတာလည်း ဖြစ်ပါတယ်။

တပ်ဖွဲ့ဟာ အစောပိုင်းမှာ ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေ ထောက်ပံ့တာနဲ့ ရပ်တည်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှတော့ အလှူစီးဆင်းမှုတွေ မရတော့ဘူးလို့ သိရပါတယ်။ မုံရွာတောင်ဘက် နဲ့ ချောင်းဦးဘက်တွေမှာ Special Guerrilla Force Monywa တပ်ဖွဲ့က နယ်မြေစိုးမိုးမှု အားကောင်းနေပြီး တော်လှန်ရေးကာလတလျှောက် လက်နက်အစစ် မရှိသေးဘဲ ကိုယ်တိုင်ထုတ်တဲ့ လက်နက်တွေနဲ့ စစ်ကောင်စီတပ်တွေကို ရင်ဆိုင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10