သိမ်းပိုက်ထားတဲ့ပင်လည်ဘူးမြို့သို့ ဝန်ကြီး ဦးရည်မွန် သွားရောက်စစ်ဆေးပြီး အောင်ပွဲရရဲဘော်တွေကို အားပေး

သိမ်းပိုက်ထားတဲ့ပင်လည်ဘူးမြို့သို့ ဝန်ကြီး ဦးရည်မွန် သွားရောက်စစ်ဆေးပြီး အောင်ပွဲရရဲဘော်တွေကို အားပေး

တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သွားရောက်ပြီး အောင်ပွဲရရဲဘော်တွေကို တွေ့ဆုံအားပေးခဲ့တယ်လို့  ဝန်ကြီးဌာနက အောက်တိုဘာ ၁၅ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ 

ပြည်ထောင်စုဝန်ကြီးဟာ ပင်လည်ဘူးမြို့ကို အောက်တိုဘာ ၁၀ ရက်မှာ သွားရောက်ခဲ့တာဖြစ်ပြီး အောင်ပွဲရရဲဘော်များကို အားပေးခဲ့သလို သိမ်းပိုက်ရရှိထားတဲ့ ပင်လည်ဘူးမြို့ကိုစစ်ဆေးတာ၊ လက်နက်ချအညံ့ခံပူးပေါင်းလာတဲ့ စစ်သုံ့ပန်းတွေကို တွေ့ဆုံခဲ့တယ်လို့လည်း ဆိုပါတယ်။

ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ဩဂုတ် ၁၅ ရက်က စတင်ကာဆင်နွှဲခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်မျိုးစုံနဲ့ အကြိမ်ရေ ၆၇၀ ကျော်၊ ဗုံးသီး အလုံးရေ ၅၀၀၀ ကျော်ကြဲချတိုက်ခိုက်ခုခံတဲ့ကြားကနေ ၂ လနီးပါးအကြာ အောက်တိုဘာ ၈ ရက်မှာ အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦးခန့် သေဆုံး၊ စစ်သုံ့ပန်း ၁၀၂ ဦး ဖမ်းဆီးရမိခဲ့ပြီး ၂၇၅ ဦးပျောက်ဆုံး၊ စိုးရိမ်ရဒဏ်ရာ ၆၀ ဦးအပါအဝင် ၂၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အလင်းဝင်ရောက်လာသူ ၄၈ ဦးရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ 

 

#မြေလတ်အသံ

#ပင်လည်ဘူး #မြို့သိမ်းတိုက်ပွဲ #ဝန်ကြီး #ဦးရည်မွန် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10