သီတင်းကျွတ်အထိမ်းအမှတ်အဖြစ် Zero ပြောက်ကျားတပ်ဖွဲ့ဝင်တွေ ဆီမီး ၅၀၀ ပူဇော်

သီတင်းကျွတ်အထိမ်းအမှတ်အဖြစ် Zero ပြောက်ကျားတပ်ဖွဲ့ဝင်တွေ ဆီမီး ၅၀၀ ပူဇော်

မန္တလေးတိုင်း၊ မြင်းခြံမြို့တနေရာမှာ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင်အဖွဲ့က အောက်တိုဘာ ၁၆ ရက် (သီတင်းကျွတ်လဆန်း ၁၄ ရက်) မှာ ဆီးမီးပူဇော်ပွဲပြုလုပ်ခဲ့ကြပါတယ်။ 

တပ်ဖွဲ့လှုပ်ရှားတဲ့နယ်မြေအတွင်းမှာ တပ်ဖွဲ့ဝင်ရဲဘော်တွေက ဆီမီး ၅၀၀ ပူဇော်ခဲ့ကြတာဖြစ်ပြီး ယခင်နှစ်တွေက ရဲဘော်အင်အားများများပါဝင်ခဲ့ကြပေမယ့် အခုနှစ်မှာ တပ်ဖွဲ့ခွဲရဲဘော်တွေက အခြားနေရာမှာရောက်ရှိနေတဲ့အတွက် လူအင်အားနည်းနည်းနဲ့သာ ပြုလုပ်ခဲ့ရတယ်လို့ တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။ 

“ရဲဘော်ကတော့ နည်းပါတယ်။ အရင်နှစ်တွေကတော့ သီတင်းကျွတ်လပြည့်မှာဆိုရင် အမြဲတမ်း ကျနော့်ကိုရဲဘော်တွေ ကန်တော့ကြတယ်။ အခုဟာက ZERO COLUMN 1,2,3 ကရဲဘော်တွေက တနေရာမှာ ရောက်နေပါတယ်။ လက်ရှိရဲဘော် ၃၀ ဦးလောက်နဲ့ ဖြစ်သလိုစီစဉ်ပြီးတော့ လုပ်လိုက်ရတာပါ။” လို့ တပ်ရင်းမှူးဗိုလ်သက်ကြီးက ပြောပါတယ်။

Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင်အဖွဲ့ဟာ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအတွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မန္တလေး #သီတင်းကျွတ် #ဆီမီးပူဇော် #Zeroပြောက်ကျားတပ်ဖွဲ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10