သီတင်းကျွတ်အထိမ်းအမှတ်အဖြစ် Zero ပြောက်ကျားတပ်ဖွဲ့ဝင်တွေ ဆီမီး ၅၀၀ ပူဇော် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့တနေရာမှာ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင်အဖွဲ့က အောက်တိုဘာ ၁၆ ရက် (သီတင်းကျွတ်လဆန်း ၁၄ ရက်) မှာ ဆီမီးပူဇော်ပွဲပြုလုပ်ခဲ့ကြပါတယ်။ 

တပ်ဖွဲ့လှုပ်ရှားတဲ့နယ်မြေအတွင်းမှာ တပ်ဖွဲ့ဝင်ရဲဘော်တွေက ဆီမီး ၅၀၀ ပူဇော်ခဲ့ကြတာဖြစ်ပြီး ယခင်နှစ်တွေက ရဲဘော်အင်အားများများပါဝင်ခဲ့ကြပေမယ့် အခုနှစ်မှာ တပ်ဖွဲ့ခွဲရဲဘော်တွေက အခြားနေရာမှာရောက်ရှိနေတဲ့အတွက် လူအင်အားနည်းနည်းနဲ့သာ ပြုလုပ်ခဲ့ရတယ်လို့ တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။ 

Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင်အဖွဲ့ဟာ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအတွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်ပါတယ်။ 

စာတည်း - လင်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မန္တလေး #သီတင်းကျွတ် #ဆီမီးပူဇော် #Zeroပြောက်ကျားတပ်ဖွဲ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10