သီးလုံးကျေးရွာ ပြည်သူ့စစ်စခန်းကို ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း၊ သီးလုံးကျေးရွာ ပြည်သူ့စစ်စခန်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရွှေဘိုအားမာန်မြို့ပြပြောက်ကျား UG တပ်ဖွဲ့ ဆီက သိရပါတယ်။

ဇန်နဝါရီ ၂၀ ရက် ည ၁၂ နာရီကျော်ခန့်ကနေ ၁ နာရီကျော်ကြာတိုက်ခိုက်ပြီးနောက် ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်သားတွေကတော့ ထွက်ပြေးသွားတဲ့အတွက် ကာဘိုင် ၁ လက်နဲ့ ပြောင်းချော ၁ လက် သာသိမ်းဆီးရခဲ့တယ်လို့ ရွှေဘိုအားမာန်မြို့ပြောက်ကျား UG တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအားမာန်က ပြောပါတယ်။

လက်ရှိမှာတော့ ကျန်ရစ်ခဲ့တဲ့ ပြည်သူတွေ စားသောက်ရေးအဆင်ပြေစေဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ကူညီပေးနေတယ်လို့ ကိုအားမာန်က ဆက်ပြောပါတယ်။

တိုက်ခိုက်မှုကိုတော့ ရွှေဘိုအားမာန်မြို့ပြပျောက်ကျား UG တပ်ဖွဲ့ ၊ Shwebo Crocodile၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ တံတားညီနောင်အဖွဲ့ ၊ ကျားညီနောင်၊ NDRF၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုက်နယ် ၂ တပ်ပေါင်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုခရိုင် #ပျူစောထီး #ပြည်သူ့စစ် #မြိုပြပြောက်ကျား #တော်လှန်ရေးအင်အားစု #စခန်းသိမ်း #တိုက်ခိုက်မှု #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10