သီးလုံးရွာကို ၂ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက သီးလုံးရွာမှာ တပ်စွဲထားတဲ့ စစ်သား၊ ရဲနဲ့ ပျူတွေက တောင်သူတွေကို ဆက်ကြေးကောက် ကင်းစောင့်ခိုင်းတာတွေလုပ်တာကြောင့် ၂ရက် ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

ရွှေဘိုမြို့နယ်အတွင်းက သီးလုံးရွာမှာ တပ်စွဲထားတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို ဒီဇင်ဘာ ၉ ရက်နဲ့ ဒီနေ့ မနက်ပိုင်းမှာ  ၁ ကြိမ်စီ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ ရွှေဘိုမြို့နယ်၊ သီးလုံးပျူရွာကို ဒရုန်းနဲ့ ဗုံးသီး ၂၄ လုံးကြဲချခဲ့တယ်။ ၉ ရက်က နေ့လယ် ၁ နာရီဝန်းကျင်မှာ ဗုံးသီး ၁၂ လုံးချတယ်။ ဒီကနေ့ ၁၀ ရက် ၇ နာရီ ၂၄ မိနစ်မှာလည်း ဗုံးသီး ၁၂ လုံးချခဲ့တယ်" လို့ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

သီးလုံးကျေးရွာမှာ ရွာမကြီး၊ အနောက်ရွာနဲ့ တောင်ရွာ အပိုင်း ၃ ပိုင်းရှိကာ တောင်ရွာက ပျူစခန်းကို ဗုံးကြဲချသလို ရွာမကြီးထဲက စစ်ဗိုလ် ကျော်ဝင်း ဆိုသူအထိုင်ချတဲ့ လက်နက်တိုက်ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စုစုပေါင်း ပျူစောထီး ၂ ဦးထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ ပျူစောထီးကို သီးလုံးကျေးရွာက ဆေးဆရာမက ကုသပေးနေပြီး ဒဏ်ရာပြင်းထန်ရင်‌ ရွှေဘိုမြို့နယ် ဆေးရုံကြီးပို့တာများတယ်လို့ သူက ဆက်ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကို ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ တန ၂ မဟာမိတ် တပ်ပေါင်းစုညီအကိုများ ၊ နယ်စီးမခြား ဗိုလ်ပျံလွှား (ဝလ) ၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ဗိုလ်လင်းရောင် (ဒပယ) အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်ကလည်း ရွှေဘိုမြို့နယ်အတွင်းက မီးဘေးသင့်ပြည်သူတွေကို ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က စောင်၊ ခြင်ထောင်နဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ရွှေဘို #သီးလုံးရွာ #ပျူစောထီး #ဒရုန်း #ဗုံးကြဲတိုက်ခိုက် #ထိခိုက်ဒဏ်ရာရ #စစ်သား #ရဲ #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10