သုံးဆယ်က စစ်ကောင်စီခန့် ရာအိမ်မှူးလင်မယား ရှင်းလင်းခံရ

သုံးဆယ်က စစ်ကောင်စီခန့် ရာအိမ်မှူးလင်မယား ရှင်းလင်းခံရ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ရွာသစ်ရွာက စစ်ကောင်စီခန့်ရာအိမ်မှူးနဲ့ ဇနီးဖြစ်သူ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

မေလ ၂၁ ရက် ည ၈ နာရီ ၄၀ မိနစ်ခန့်မှာ နေအိမ်မှာရှိနေတဲ့ ရာအိမ်မှူး သန်းထွန်းအောင် ၄၅ နှစ် နဲ့ ဇနီးဖြစ်သူ မစိန်မြင့်အသက် ၄၀ ကျော်တို့ကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သာယာဝတီဂဠုန်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။


"သူတို့ကတော့ NLD ထောက်ခံသူတွေကို PDF လို့ စွပ်စွဲပြီး ရဲခေါ်ဖမ်းဆီး စစ်ဆေးခိုင်းတာ၊ သန်းထွန်းအောင်က ကျေးရွာ မြစိမ်းရောင် (မြစိမ်းရောင်ချေးငွေအသင်း) ဥက္ကဌဆိုတော့ သူ့မိန်းမကလည်း သူနဲ့အမြင်မကြည်သူရှိရင် ချေးငွေ မချေးပေးတာတွေလုပ်တယ်။ စကစ အားကိုးနဲ့ ရွာသားတွေအပေါ် နိုင်ထက်စီးနင်းလု​ပ်တာတွေရှိတယ်။ သူတို့ကိုရှင်းချိန် ပြန်ခုခံတာတွေမရှိဘူးလို့ သိရတယ်" လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ ရာအိမ်မှူးသန်းထွန်းအောင်မှာ နေရာတွင်သေဆုံးပြီး ဇနီးဖြစ်သူကတော့ ဆေးရုံအပို့ လမ်းမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးပစ်သတ်ခံရပြီးနောက် မေလ ၂၂ ရက် ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီအဖွဲ့တွေက ရွာသစ်ရွာဘက်ကို ဆင်းလာတယ်လို့ သိရကာ၊ ရွာကိုတော့ မရောက်သေးဘူးလို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို သာယာဝတီဂဠုန်တပ်ဖွဲ့ဝင်တွေနဲ့ မင်းလှ PDF အဖွဲ့တွေက ပူးပေါင်းရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သာယာဝတီမြို့နယ်၊ ချမ်းသာကုန်းနဲ့ညောင်လေးပင်ရွာကြားမှာ လောင်းကစားဝိုင်းကို PDF တွေက မိုင်းခွဲသတိပေးချိန် PDF တွေကို စကေဘာနဲ့ပြေးထိုးတဲ့ ပျူစောထီး ဘိုကျောက်ဆိုသူလည်း ပြီခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်ညမှာ သေနတ်နဲ့ပစ်ခံရပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့ပါသေးတယ်။

စာတည်း - လင်း

#​မြေလတ်အသံ
#ပဲခူး #သုံးဆယ် #ပျူစောထီးလင်မယား #ရှင်းလင်းခံရ #စစ်ကောင်စီ #မြစိမ်းရောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10