သူခိုးဝိုင်းဖမ်းချိန် ကတ်ကြေးနဲ့ပြန်လည်ခုခံလို့ ပြည်သူ ၁ ဦးဒဏ်ရာရ

သူခိုးဝိုင်းဖမ်းချိန် ကတ်ကြေးနဲ့ပြန်လည်ခုခံလို့ ပြည်သူ ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ပြည်ရတနာလမ်း၊ ကိုးသိန်းဘုန်းကြီးကျောင်းအနီးမှာ သူခိုးဝိုင်းဖမ်းချိန် သူခိုးက ကတ်ကြေးနဲ့ပြန်လည်ခုခံလို့ အမျိုးသား ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဖြစ်စဥ်ဟာ စက်တင်ဘာလ ၁၂ ရက် ဒီမနက် ၃ နာရီလောက်မှာ ကိုးသိန်းဘုန်းကြီးကျောင်းအနီးရှိ နေအိမ်တလုံးကို သူခိုး ၅ ဦးက ပစ္စည်းဝင်ခိုးချိန် အနီးရှိပြည်သူတွေက ဝိုင်း၀န်းဖမ်းဆီးရာမှာ ဖြစ်ခဲ့တာပါ။ 

၅ ဦးထဲက ၁ ဦးကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး အဲ့ဒီသူခိုးက ကပ်ကြေးနဲ့ပြန်လည်ခုခံတာကြောင့် ဝိုင်းဖမ်းသူတွေထဲက အသက် ၂၀ ကျော်အရွယ် အမျိုးသား ၁ ဦးရဲ့နားထင်မှာ ကပ်ကြေးထိ ဒဏ်ရာနှစ်ချက် ရရှိခဲ့တာလို့ ဆိုပါတယ်။ 

"သူခိုးတွေက ပထမတအိမ်မှာ ပစ္စည်းကို ခိုးယူပြီးပြီ။ နောက်တအိမ်ကို ဝင်ခိုးတဲ့အချိန်မှာ ဘေးအိမ်ကလူတွေက နိုးလာပြီး ဝိုင်းဖမ်းခဲ့တာ။ အဲ့ဒီမှာ ကျန်သူခိုးတွေက ထွက်ပြေးသွားတယ်။ တယောက်ကို လုံးထွေးဖမ်းချိန်မှာ သူခိုးက သူမှာပါလာတဲ့ ကပ်‌ကြေးနဲ့ထိုးတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

အထက်ပါ ခိုးယူသူအဖွဲ့ဟာ လျှပ်စစ်ဝါကြိုးနဲ့ ကေဘလ်ကြိုးတွေကို အုပ်စုဖွဲ့ လိုက်ခိုးနေသူ‌တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိချိန်မှာ ပထမနေအိမ်က ခိုးယူခဲ့တဲ့ ဆိုင်ကယ်၊ ရွှေထည်နဲ့ နာရီ‌တွေကို ပြန်လည် သိမ်းဆည်းရမိခဲ့သလို ပစ္စည်းခိုးရာမှာအသုံးပြုတဲ့ ကိရိယာတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။ 

လုံးထွေးဖမ်းဆီးချိန် သူခိုးက ကပ်ကြေးနဲ့ထိုးလို့ လူငယ်တဦးဒဏ်ရာရသွားသလို သူခိုးလည်း ဦးခေါင်းပေါက်၊ လက်ပွန်းဒဏ်ရာတွေရခဲ့တာကြောင့် နှစ်ဦးစလုံးကို ဆေးရုံကိုပို့ခဲ့ရပြီး အဲ့ဒီနောက်မှ သူခိုးကို ရဲတွေက ဖမ်းခေါ်တယ်လို့ သိရပါတယ်။

ပုံစာ - ပစ္စည်းခိုးရာတွင် အသုံးပြုသည့် ကိရိယာနှင့်အတူ သူခိုးအား ဖမ်းမိစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပြည် #သူခိုး #ဖမ်းဆီး #ပြည်သူ #ဒဏ်ရာရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10