သေဆုံးရဲဘော်တွေနဲ့ စစ်ရှောင်တွေကိုငဲ့ပြီး သင်္ကြန်မှာအပျော်မလွန်ကြဖို့ တောင်းဆိုဆန္ဒပြ
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတရွာမှာ မကြာခင်ကျရောက်တော့မယ့် သင်္ကြန်ကာလမှာ အပျော်မလွန်ကြဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ကျင်းပမယ့်သင်္ကြန်မှာပါဝင်မယ့် အနုပညာရှင်တွေကို ဆန့်ကျင်ကြဖို့ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီဆန္ဒပြပွဲကို ယမန်နေ့ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းက တန့်ဆည်ပင်မသပိတ်နဲ့ တန့်ဆည်အမျိုးသမီးသပိတ်တို့ ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီကြောင့် သေဆုံးခဲ့တဲ့ရဲဘော်တွေ၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ စစ်ရှောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စာနာပြီး သင်္ကြန်မှာမပါဝင်ကြဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဆန္ဒထုတ်ဖော်သူများထံက သိရပါတယ်။
ဆန္ဒထုတ်ဖော်ပွဲမှာ “စကစရဲ့ အတုအယောင်သင်္ကြန်မှာ ဖျော်ဖြေကြမယ့်အနုပညာရှင်များအား ကန့်ကွက်ရှုတ်ချပါသည်”၊ “အပျော်လွန်ကြူးတဲ့သင်္ကြန် မဖြစ်ပါစေနဲ့ တော်လှန်သင်္ကြန်ပဲဖြစ်ပါစေ၊ တိုင်းပြည်က ခွေးရူးကိုက်ခံရတာ များနေပြီ” စတဲ့ ဘန်နာတွေ ကိုင်စွဲပြီး ဆန္ဒထုတ်ဖော်ကာ ကြွေးကြော်ခဲ့ကြပါတယ်။
စာတည်း - 007
#မြေလတ်အသံ
Share
Share
Share