သေနတ်ကိုင်ထားတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို PDF က ပစ်ခတ်ရှင်းလင်း

သေနတ်ကိုင်ထားတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို PDF က ပစ်ခတ်ရှင်းလင်း

သေနတ်ကိုင်ထားတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို PDF က ပစ်ခတ်ရှင်းလင်း
ငါန်းဇွန်၊ မေ ၆၊ ၂၀၂၃။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို မေလ ၅ ရက် မနေ့ကမနက် ၈ နာရီကျော်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြင်းခြံခရိုင် 8 Star ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။


သေဆုံးသူမှာ ငါန်းမြာကြီးမြို့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဆိုသူဖြစ်ပြီး လက်ဖက်ရည်ဆိုင်ကနေ နေအိမ်ကိုပြန်လာချိန်မှာ သေနတ် ၃ ချက်ပစ်ခတ်ခဲ့လို့ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့တယ် လို့ 8 Stars တပ်ဖွဲ့ တိုက်ခိုက်ရေးခေါင်းဆောင်က မြေလတ်အသံကို ပြောပါတယ်။

"သူ့မှာက စစ်တပ်ကပေးထားတဲ့ သေနတ်အတိုတလက်၊ အရှည်တလက် ၂ လက်ရှိတယ်ဗျ။ ပြီးတော့ သူ့သားတယောက်က စစ်ဗိုလ်ရှိတယ်။ အခုနေပြည်တော်မှာ တာဝန်ကျနေတယ်လို့ သိထားရတယ်။ သူ့ရဲ့ ဦးခေါင်းနဲ့ကျောကုန်းကို အနီးကပ်ပစ်ခတ်ခဲ့တာပါ" လို့ ပြောပါတယ်။

ဦးသန်းဇော်ဟာ စစ်အာဏာသိမ်းပြီးနောက် ငါန်းမြာကြီးမြို့ရဲစခန်း၊ မီးသတ်ရုံးတို့မှာ တပ်စွဲနေတဲ့ အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်နဲ့ပူးပေါင်းလုပ်ဆောင်နေတာကြောင့် သေနတ် ၂ လက် ကိုင်ဆောင်ခွင့်ပေးထားတာဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ 8 Stars မြင်းခြံခရိုင်ပြောက်ကျားတပ်ဖွဲ့နဲ့ နောင်ရိုးအထူးပြောက်ကျားတပ် - NYSGF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့လည်း ငါန်းဇွန်မြို့နယ်၊ ညောင်လေးပင်ကျေးရွာက မိုင်းရှာတော်တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းကို ငါန်းဇွန်-ငါန်းမြာကြီးလမ်း တောင်ရွာဘိုရွာနဲ့ မြောက်ရွာဘိုလမ်းကြားမှာ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း-ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10