သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် လဝကဒုဦးစီးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နိုဝင်ဘာ ၁ ရက်မှာ တော်ဝင်ဒေါင်းစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
စစ်မှုထမ်းဟောင်းလည်းဖြစ် လက်ရှိကျောက်တံခါးမြို့နယ် လဝကဒုဦးစီးမှူးတာဝန်ယူထားတဲ့ အေးမင်းစိုးကို အောက်တိုဘာ ၃၁ ရက် မနေ့ကမနက်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ တော်ဝင်ဒေါင်းစစ်ကြောင်း တာဝန်ရှိသူက အတည်ပြုပြောပါတယ်။
အေးမင်းစိုးဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့အခြေအနေတွေကို သတင်းထောက်လှမ်းတာ၊ ပြည်သူတွေကိုခြိမ်းခြောက်ငွေတောင်းတာ၊ စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းတာ၊ မူးယစ်ဆေးရောင်းဝယ်တာ၊ လောင်းကစားဒိုင်တွေကို အခကြေးငွေယူပြီးခွင့်ပြုထားတာကြောင့် ပစ်ခတ်ခဲ့တာလို့ တော်ဝင်ဒေါင်းစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အေးမင်းစိုးကိုပစ်ခတ် ရှင်းလင်းပြီးချိန်မှာ M 20 သေနတ် ၁ လက်၊ ကျည် ၇ တောင့်နဲ့ Samsung Galaxy S20 Ultra အမျိုးအစား ဖုန်း ၁ လုံးကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
အောက်တိုဘာ ၁၁ ရက်ကလည်း ကျောက်တံခါးမြို့နယ်၊ ကျွန်းချောင်းကျေးရွာမှာ သန်းခေါင်စာရင်းကောက်လာတဲ့ စစ်ကောင်စီအဖွဲ့ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၁ ခုက မိုင်းဆွဲတိုက်ခိုက်လို့ စခန်းမှူးအပါ ရဲ ၂ ဦးဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်ရှိခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ကျောက်တံခါး #လဝကဒုဦးစီးမှု #ရှင်းလင်းခံရ
Share Share Share