သေနတ်တလက် ဖြေဖြူတဖက်နဲ့ ဆရာမ မှုံ (ရုပ်/သံ)

ရင်ဖုံးအဖြူ လုံချည်အစိမ်းနဲ့ ကျောင်းဆရာမ ဘဝကို ၃ နှစ်လောက်သာ ဖြတ်သန်းခဲ့ရပြီး စစ်တပ်က အာဏာသိမ်းမှုနဲ့ ကြုံကြိုက်ခဲ့တဲ့ မန္တလေးသူ ဆရာမ မှုံဟာ မတ္တရာမြို့က အထက်တန်းကျောင်းဆရာမ တဦးပါ။ စစ်တပ်က မဲစာရင်းမသမာမှုဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းလိုက်တာကို လက်မခံနိုင်တဲ့ ဆရာမ မှုံတယောက်လည်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့လို့ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခံလိုက်ရပါတယ်။

အဲ့ဒီနောက်မှာ အဖမ်းမခံရဖို့ ရှောင်ရင်းပြေးရင်းက သူ့ဇာတိ မန္တလေးကိုပြန်ပြီး ဝင်ငွေရနိုင်ဖို့ ဈေးသည်ဘဝနဲ့ ဖြတ်သန်းခဲ့ရပါသေးတယ်။ ဈေးသည်အဖြစ်နဲ့ ဆရာမ မှုံတယောက် စစ်အာဏာရှင်ကို CDM လုပ်ပြီး တော်လှန်နေရင်းကနေ အရွှေ့တခုကို မဖြစ်မနေ ထပ်ရွှေ့ဖို့ ဆုံးဖြတ်လိုက်ပြန်ပါတယ်။ အဲတာကတော့ လက်နက်ကိုင်လမ်းစဉ်ပဲ ဖြစ်ပါတယ်။ သူ ဘာကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တာလဲ။

ဆရာမ မှုံ အင်တာဗျူး ရုပ်သံအပြည့်အစုံကို မြေလတ်အသံရုပ်သံအစီအစဉ်ကနေ တင်ဆက်ထားပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10