သေနတ်သံကြောင့်ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ တိုက်မိုင်းထိပြီး ဗိုလ် ၁ ဦးအပါ ၃ ဦးသေဆုံး

သေနတ်သံကြောင့်ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ တိုက်မိုင်းထိပြီး ဗိုလ် ၁ ဦးအပါ ၃ ဦးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူစောထီးရွာအနီး PDF အဖွဲ့က သေနတ်ဖောက်လိုက်ရာ သေနတ်သံကြားပြီးထွက်လာတဲ့ စစ်သားနဲ့ပျူအင်အား ၃၀ ခန့်ရှိတဲ့အဖွဲ့ တိုက်မိုင်းထိသွားတာလို့ သိရပါတယ်။

ဇန်နဝါရီလ ၂၈ ရက်ညနေ ၄ နာရီ ၂၀ မိနစ်မှာ တိုက်မိုင်း ၄ လုံးနဲ့တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

"မနေ့ညနေက သရက်ကန်ရွာကိုရောက်နေတဲ့ စစ်ဗိုလ်က နည်းနည်းစွာတယ်လို့ကြားတယ်၊ သေနတ်ဖောက်ရင်လည်း နောက်ကထွက်လိုက်တတ်တယ်လို့ကြားတယ်၊ အဲဒါနဲ့ကျနော်တို့မိုင်းကွင်းကိုဆင်တယ်၊ သေနတ်ဖောက်ပြီးမြူလိုက်တယ်၊ ဆိုင်ကယ် ၂ စီး ကား ၁ စီး ခြေလျှင် ၃၀ လောက်ထွက်လာတယ်၊ ရှေ့ကထွက်လာတဲ့ ဆိုင်ကယ် ၂ စီးက ကျနော်တို့ဆင်ထားတဲ့မိုင်းကွင်းထဲကို ရောက်လာတယ်၊ မိုင်းကွင်းထဲရောက်လာချိန် တိုက်မိုင်း ၄ လုံးခွဲလိုက်တယ်" လို့ သူကပြောပါတယ်။

ယနေ့မနက်ရရှိတဲ့ သတင်းအရ စစ်ဗိုလ် ၁ ဦး၊ တပ်ကြပ် ၁ ဦး အုပ်ချုပ်ရေးမှူးပျူခေါင်းဆောင် တို့သေဆုံးပြီး ၆ ဦးလောက်ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ တိုက်မိုင်းနဲ့တိုက်ခိုက်ခံရပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ရမ်းသမ်းပစ်ခတ်ပြီးနောက်မှာ အော်ဟစ်ဆဲဆိုပြီး သရက်ကန်ပျူရွာထဲကို ပြန်ဝင်သွားကြတယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ခိုက်မှုကို ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့ ၊ MUGDF ၊ TYK ​ပျောက်ကြားတပ်ဖွဲ့ ၊ မုန်တိုင်းတပ်ဖွဲ့ နှင့် စင်္ကြာကာကွယ်ရေးတပ်ဖွဲ့ (မြိုင် ပ.က.ဖ (ခွဲ ၄)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့သိရပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၉ ရက်ကလည်း ကိုင်းတောမရေစက်မှာစောင့်နေတဲ့ စစ်အုပ်စုကို ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10