သေနတ် ၇ လက်ယူပြီး အလင်းဝင်လာတဲ့ စစ်သား ၃ ဦးနဲ့ ရဲ ၄ ဦးကို ငွေ ၇၄၂ သိန်းချီးမြှင့်

သေနတ် ၇ လက်ယူပြီး အလင်းဝင်လာတဲ့ စစ်သား ၃ ဦးနဲ့ ရဲ ၄ ဦးကို ငွေ ၇၄၂ သိန်းချီးမြှင့်

သေနတ် ၇ လက်နဲ့အတူ မြိုင် ပကဖဆီကို အလင်းဝင်လာတဲ့ စစ်သား ၃ ဦးနဲ့ ရဲတပ်သား ၄ ဦးကို တဦးဆီကို ဆုငွေ ၁၀၆ သိန်း ချီးမြှင့်ခဲ့တယ်လို့ မြိုင် ပကဖတာဝန်ခံ ဗိုလ်လက်ယာဆီက သိရပါတယ်။

ဧပြီလ ၃ ရက် ဒီနေ့မှာ အလင်းဝင် (CDM) ပြုလုပ်လာကြတဲ့ တပ်သားတွေဟာ ပခုက္ကူတပ်မ (၁၀၁)က ၃ ဦးနဲ့ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ၄ ဦးတို့ဖြစ်ကြတယ်လို့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်လက်ယာက ပြောပါတယ်။


"အလင်းဝင် CDM လာလုပ်သူတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြောလို့ မရသေးဘူးဗျ။ လုံခြုံရေးအရပေါ့။ ၇ ယောက်မှာ တယောက် ၁၀၆ သိန်းဆိုတော့ ငွေ ၇၄၂ သိန်း ချိီးမြှင့်ပေးခဲ့တယ်" လို့ ဆိုပါတယ်။

အခု အလင်းဝင်ရောက်လာခဲ့သူတွေဟာ အရင်ကတည်းက ချိတ်ဆက်ထားတဲ့ တပ်တွင်းကိစ္စရပ်တွေအရ MA-3 ၃ လက်၊ G4 - ၂ လက်၊ G3 - ၂ လက်နဲ့ ကျည် ၄၁၁ တောင့်တို့နဲ့အတူ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအဝှမ်း CDM ပြုလုပ်လာတဲ့ စစ်သားနဲ့ရဲတပ်သား တသောင်းကျော်ရှိပြီး၊ နောက်ထပ် CDMပြုလုပ်လိုတဲ့ စစ်သားနဲ့တပ်သားတွေအနေနဲ့လည်း ပြည်သူ့ရင်ခွင့်တံခါးမပိတ်မီ အမြန်ဆုံးခိုလှုံကြဖို့ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၂ ရက်နေ့မှာ တိုက်တွန်းထုတ်ပြန်ထားပါတယ်။

စာတည်း - ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10