သေမင်းခံတွင်းဝက ပြည်တွင်းသတင်းသမားများ (Podcast)

ဧရာဝတီတိုင်းထဲက ကျေးရွာတရွာမှာရှိတဲ့ အိမ်တအိမ်ဆီကို နေ့လယ်ပိုင်းအချိန် စစ်ကောင်စီတပ်သားတွေနဲ့ အရပ်ဝတ်လူတချို့ ရောက်လာကြပါတယ်။ 

ရွာထဲကို လူစိမ်းရောက်တယ်ဆိုတဲ့ သတင်းကြောင့် အဲ့ဒီရွာကိုလာပြီး တိမ်းရှောင်နေတဲ့ သတင်းထောက် မစနိုးကို လာဖမ်းကြတာပါ။

လာဖမ်းတဲ့သူတွေ သူရှိရာအိမ်ကိုလာနေပြီလို့ သိလိုက်တဲ့ မစနိုးဟာ အိမ်နောက်ဖေးတနေရာမှာ ပုန်းနေရင်း သူ့အခြေအနေတွေကို သူ့သတင်းဌာနက အယ်ဒီတာထံပြောပြပြီး တယ်လီဖုန်းကို ဖျက်ဆီးပစ်ဖို့ဆုံးဖြတ်လိုက် ပါတယ်။ 

အဲ့ဒီနောက် ဖုန်းထဲမှာရှိတဲ့ သတင်းနဲ့ဆိုင်တဲ့အချက်အလက်အားလုံးကို ကပြာကယာ ဖျက်၊ ဖုန်းကိုရိုက်ခွဲပြီးတဲ့အခါမှာတော့ စစ်ကောင်စီအဖွဲ့ဝင်တွေက သူ့ကိုရှာတွေ့သွားပြီး .....

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10