သောက်ရေလာခပ်တဲ့ စစ်သားတွေရဲ့ ရေစည်တင်နွားလှည်း ဒရုန်းနဲ့ တိုက်ခိုက်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထပေါက်ကုန်းကျေးရွာ သောက်ရေကန်ကနေ ရေစည်တိုက်ပြီးပြန်လာတဲ့ စစ်အုပ်စုမောင်းနှင်လာတဲ့ ရေစည်နွားလှည်းကို သောက်ရေကန်အနီးမှာ Drone နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖဆီက သိရပါတယ်။

မတ်လ ၇ ရက် ဒီကနေ့ မနက် ၁၁နာရီဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်ပကဖ က Drone နဲ့ ဗုံး ၁ လုံးကြဲချတိုက်ခိုက်ခဲ့လို့ စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။


ရေစည်လှည်းကိုမောင်းလာတဲ့ မင်းဘူးဘက်က စစ်သားတွေဟာ ပေါက်နယ်အတွင်းရောက်နေတာ တလခွဲလောက်ကြာပြီလို့ ဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်ပြီး စစ်အုပ်စုဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ မန်းကျည်းသီးကောက်နေတဲ့ အသက် ၄၂ အရွယ် အမျိုးသား ၁ ဦး ရင်ခွင်ထဲကျလို့ ပွဲချင်ပြီး သေဆုံးပြီး အသက် ၂၀ အမျိုးသား ၁ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပကဖ ရင်း၁ ခွဲ ၁ စိတ် ၃ နဲ့ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်ကလည်း မြိုင်မြို့ပေါ် ဈေးဝယ်ထွက်တဲ့ ကန်နီရွာက စစ်သားနဲ့ပျူစောထီးတွေကို မြိုင်မြို့နယ် ပကဖ က တိုက်ခိုက်ခဲ့ရာ ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ်- CM

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10