သောက်သုံးရေအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အညာက စစ်ရှောင်တွေ (ရုပ်/သံ)

မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ခြမ်း၊ ဆိပ်ဖြူမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေ သောက်သုံးရေရရှိနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေကြရပါတယ်။

အခုနှစ် ဇန်နဝါလကုန်ပိုင်းမှာ  နေအိမ်တွေကို စစ်တပ်ကမီးရှို့လို့ တောထဲမှာ စစ်ဘေးရှောင်နေကြသူတွေဖြစ်ပါတယ်။

ပုံမှန်အားဖြင့် သောက်သုံးရေကို ရွာတွေမှာရှိတဲ့ ရေထွက်ပေါက်တွေကနေ ရပေမယ့် စစ်ဘေးရှောင်နေရသူတွေအဖို့ကတော့ ရေရရှိဖို့ ခက်ခဲနေကြရတာပါ။

ရေတပုံးရနိုင်ဖို့ ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြား ထိုင်စောင့်ပြီး ရေကိုခပ်ယူကြရပါတယ်။

အဲ့ဒီဒေသမှာ သူတို့လိုပဲ စစ်ရှောင်သူတွေ အစုလိုက် အစုလိုက်ရှိကြပြီး ရေကိုခက်ခက်ခဲခဲ တူးဖော်သောက်သုံး နေရပါတယ်။

ပူပြင်းတဲ့ကာလမှာ အညာဒေသက စစ်ရှောင်တွေဟာ စစ်မီးဒဏ်အပြင် သောက်သုံးရေအခက်အခဲကိုလည်း နှစ်စဥ်ရင်ဆိုင်နေရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#ဆိပ်ဖြူ #စစ်ရှောင် #ရေရှားပါး #သတင်း #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10