သဲကုန်းမြို့နယ်က ပြည်သူတွေ ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်မျိုးကို လိုအပ်နေလဲ

သဲကုန်းမြို့လေးဟာ ပဲခူးရိုးမတောင်ခြေက ပြည်ခရိုင်ထဲက မြို့လေးဖြစ်ပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သိန်း ၃ သောင်း နေထိုင်ကြပြီး မြို့နေလူဦးရေ တစ်သောင်း ငါးထောင်ကျော်နဲ့ ကျေးလက်နေလူဦးရေ တစ်သိန်းတစ်သောင်းကျော် နေထိုင်ကြပါတယ်။

သဲကုန်းမြို့နယ်ထဲမှာ မဲပေးနိုင်သူ တစ်သိန်း ၇ ထောင်ခန့် ရှိပြီး၊ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံရေးပါတီ (၅)ခုကနေ ကိုယ်စားလှယ်လောင်း (၁၆) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

အခု လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဘယ်လို အစိုးရမျိုးကို ရွေးချယ်သွားမလဲ၊ လက်ရှိအစိုးရကရော ပြည်သူတွေအတွက် ဘာတွေလုပ်ပေးခဲ့ပြီလဲ၊ မိမိတို့ ဒေသအတွက် ဘယ်လို လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်သွားကြမလဲဆိုတာတွေကို မြေလတ်အသံ သတင်းဌာနက လိုက်လံမေးမြန်းသွားမှာဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10