သဲကုန်းမှာ အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရပြီး သေဆုံး

သဲကုန်းမှာ အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရပြီး သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ အင်ပင်လှကျေးရွာမှာ စစ်ကောင်စီခန့်အုပ်ကြီး ၁ ဦး ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေ ၂၃ ရက် ဒီနေ့ မနက် ၇ နာရီခန့်မှာ အင်ပင်လှကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးထွန်း ၅၅ နှစ်ဟာ ကျေးရွာထဲမှာ ဆိုင်ကယ်နဲ့လာစဥ် သေနတ်သမားတွေက ပစ်ခတ်သွားတာလို့ဆိုပါတယ်။

"သူက ရွာထဲကနေ ဆိုင်ကယ်နဲ့သွားနေချိန် သေနတ်သမားတွေကလည်း ဆိုင်ကယ်နဲ့လိုက်လာပြီး ပစ်သွားတာလို့တော့ သိရတယ်။ နေရာမှာပဲ သေသွားတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့အနီးကပ်ပစ်ခံရလို့ အုပ်ချုပ်ရေးမှူးဦးမျိုးထွန်းမှာ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့ နေရာမှာပဲ လဲကျ သေဆုံးသွားတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုအပြီး တနာရီခန့်အကြာမှာ စစ်ကောင်စီအဖွဲ့တွေလာရောက်စစ်ဆေးပြီး အလောင်းကိုကောက်သွား တယ်လို့ ဆိုပါတယ်။

ဦးမျိုးထွန်းဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာ အုပ်ချုပ်ရေးမှူးဖြစ်လာသူဖြစ်ပြီး ပြည်သူ့စစ်ကိစ္စ၊ စစ်မှုထမ်းကိစ္စတွေအတွက် တက်ကြွစွာပါဝင်လုပ်ကိုင်လေ့ရှိသူဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၃ ဒီဇင်ဘာ ၁၆ ရက်ကလည်း သဲကုန်းမြို့နယ်၊ ဓားသွေးကျောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း ဟာ ကျေးရွာအတွင်းမှာပင် ပစ်သတ်ခံခဲ့ရပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #သဲကုန်းမြို့နယ် #အင်ပင်လှကျေးရွာ #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10