သံဃာနဲ့ပြည်သူ အင်အား ၅၀၀ ကျော်ပါဝင်တဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် (Photos New)

သံဃာနဲ့ပြည်သူ အင်အား ၅၀၀ ကျော်ပါဝင်တဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် (Photos New)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းမှာ ဇွန် ၂၈ ဒီညနေပိုင်း ၄ နာရီလောက်မှာ သံဃာတော်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ခဲ့ကြတယ်လို့ S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ဆီက သိရပါတယ်။ 

သံဃာတော်တွေ၊ ဒေသခံပြည်သူတွေနဲ့ ကျောင်းသူကျောင်းသားများ အပါအဝင် စုစုပေါင်းအင်အား ၅၀၀ ကျော်လောက်နဲ့ သပိတ်စစ်ကြောင်းထွက်ခဲ့ကြတာဖြစ်ပြီး သပိတ်လမ်းကြောင်းတလျှောက် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်း လုံခြုံရေးယူပေးခဲ့တယ်လို့ ဆိုပါတယ်။ 

#မြေလတ်အသံ 

#စစ်ကိုင်း #ဒီပဲယင်း #သပိတ်စစ်ကြောင်း #ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10