သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ အုတ်တွင်းမြို့မြောက်ဘက်အထွက် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ သံဃာ ၂ ပါးစီးနင်းလာတဲ့ ဆိုင်ကယ်နဲ့ ကုန်တင်တွဲကားတို့ တိုက်မိပြီး ၁ ပါး ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့မနက် ၁၁ နာရီကျော်မှာ သံဃာ ၂ ပါးဟာ အုတ်တွင်းမြို့အတွင်း ဆွမ်းချိုင့်သိမ်းပြီးနောက် သီတင်းသုံးနေထိုင်ရာ မြို့အထွက်ရှိ သာသနဝေပုလ္လကျောင်းတိုက်သို့ ရန်ကုန်ဘက်မှ မန္တလေးဘက်အတိုင်း ဦးတည်မောင်းနှင်ပြန်လာစဉ် ဘုန်းကြီးကျောင်းအနီးမှာ လားရာတူက မောင်းနှင်လာတဲ့ ကုန်တင်တွဲကားနဲ့ တိုက်မိခဲ့တာလို့ ဆိုပါတယ်။
" ကျောင်းတိုက်ဘက်ကိုကွေ့အဝင် နောက်ကပါလာတဲ့ တွဲကားနဲ့ချိတ်မိတာ။ ဆိုင်ကယ်နောက်မြီးကို ချိတ်မိသွားသလိုဖြစ်တာ။ အထင်ပြောရရင် ဆိုင်ကယ်ပါကြိတ်မိလို့ ဆိုင်ကယ်က ကြေနေတယ်။ သံဃာတွေကတော့ ကြိတ်ထားတာမတွေ့ဘူး။ ဒါပေမယ့် ဦးထုပ်မပါ၊ ဘာမပါဆိုတော့ နောက်စေ့ကြေပြီးသေတာ"လို့ အုတ်တွင်းဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ယာဥ်တိုက်မှုကြောင့် ဦးဇဋိလ၊ သက်တော် ၄၈ နှစ်၊ သိက္ခာတော် ၃ ဝါမှာ လက်နဲ့ခြေထောက်တွေမှာ ပွန်းပဲ့၊ဦးခေါင်းနောက့်စေကြေဒဏ်ရာနဲ့ နေရာမှာပျံလွန်တော်မူခဲ့ပြီး ဦးဇဝန သက်တော် ၃၁ နှစ် သိက္ခာတော် ၁၁ ဝါမှာ ဦးခေါင်းထိခိုက်၊ ခြေလက်ပွန်းပဲ့ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ကာ ဦးဇဝန ကို အရေးပေါ်လူနာ အဖြစ် နေပြည်တော်ကိုပို့ဆောင် ကုသနေရတယ်လို့ သိရပါတယ်။
ယာဥ်တိုက်မှုဖြစ်ပွားချိန်မှာ တွဲကားယာဉ်မောင်းက ကားရပ်ထားပေမယ့် အခင်းဖြစ်ရာကို အနီးဝန်းကျင်ကလူတွေရောက်ရှိလာချိန်မှာ ကားကိုမောင်းပြေးသွားလို့ စစ်ကောင်စီလက်အောက်ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေကြပြီး ဖမ်းဆီးရမိမှုအခြေအနေတွေကို မသိရသေးဘူးလို့ဆိုပါတယ်။
နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းကလည်း အုတ်တွင်းမြို့နယ်၊ သရက်ချဥ်ကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ အမျိုးသား ၁ ဦး ကားကြိတ်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ပဲခူး #အုတ်တွင်း #သံဃာ #ယာဉ်တိုက်မှု
Share Share Share