သံဆိပ်စခန်းက စစ်ကောင်စီတပ်သား ၂ ဦး KNLA ထံ လက်နက်နဲ့အတူ  အလင်းဝင်

သံဆိပ်စခန်းက စစ်ကောင်စီတပ်သား ၂ ဦး KNLA ထံ လက်နက်နဲ့အတူ  အလင်းဝင်

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ KNU တပ်မဟာ ၃ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ် သံဆိပ်စခန်းက တပ်သား ၂ ဦး လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ စက်တင်ဘာလ ၁၄ ရက်မှာ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ 

အလင်းဝင်ရောက်လာသူတွေဟာ သံဆိပ်စခန်းမှာ တာဝန်ကျနေတဲ့ အမှတ် ၃၅၀ ခြေမြန်တပ်ရင်း ( ခမရ ၃၅၀ ) က တပ်သား မောင်ဒသ ၂၅ နှစ် နဲ့တပ် သားမောင်ဖြိုးကိုကို တို့ဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်က KNLA တပ်မဟာ ၃ ထံ လက်နက်တွနဲ့အတူ အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။


"သူတို့အလင်းဝင်လာတာဟုတ်တယ်။ လက်ရှိသူတို့ကို လုံခြုံတဲ့နေရာမှာ ထားတယ်လို့လည်း သိရတယ်။ ကျန်တာက KNUအပိုင်းဖြစ်လို့ ပြောလို့မရဘူး " လို့ KNLA တပ်မဟာ ၃ နယ်မြေရှိ ကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၂ ဦးဟာ ၎င်းတို့ကိုင်ဆောင်တဲ့ MA 1 သေနတ် ၁ လက်၊ MA 2 သေနတ် ၁ လက်နဲ့ ၅.၅၆ မမ ကျည် ၂၃၇ တောင့်ကို ယူဆောင်ပြီး အလင်းဝင်ရောက် လာတာလည်း ဖြစ်ပါတယ်။

 လက်နက်တွေနဲ့အတူ အလင်းဝင်လာခဲ့လို့ KNLA တပ်မဟာ ၃ တာဝန်ရှိသူတွေက တပ်သား ၂ ဦးကို တဦးအတွက် ငွေကျပ် သိန်း ၄၀ စီ ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း-  ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ရွှေကျင် #KNLA #တပ်မဟာ ၃ #စစ်ကောင်စီတပ် #ခမရ ၃၅၀ #အလင်းဝင် #CDM #လက်နက်ခဲယမ်း #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10