သံတောင်ကထွက်လာတဲ့ စစ်ယာဉ်တန်းကို KNU နဲ့ ပူးပေါင်းတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်

သံတောင်ကထွက်လာတဲ့ စစ်ယာဉ်တန်းကို KNU နဲ့ ပူးပေါင်းတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်

သံတောင် ၁၃ မိုင်ကနေ တောင်ငူမြို့ကို မောင်းလာတဲ့ စစ်ကောင်စီမော်တော်ယာဉ် ၃ စီးကို KNU တပ်မဟာ ၂၊ တပ်ရင်း ၅ ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ တပ်မဟာ ၂ တပ်ရင်း ၅ တာဝန်ရှိသူဆီက သိရပါတယ်။

ဇူလိုင် ၈ ရက် မနက်ပိုင်းမှာ တောင်ငူ-သံတောင်လမ်း ၆ မိုင် နဲ့ ၅ မိုင်ကြား ဒေသအခေါ် သစ်ပုံအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲချိန် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ 

“မျက်မြင်သက်သေတွေပြောတာတော့ စစ်ကောင်စီဘက်က ၂၀ လောက်ကျတယ်လို့အကြမ်းသိရပါတယ်” လို့ တပ်မဟာ၂ တပ်ရင်း ၅ တာဝန်ရှိသူက ပြောပါတယ်။ 

အခုလိုကြားဖြတ်တိုက်ခံလိုက်ရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တောင်ငူမြို့ကို ခရီးမဆက်နိုင်ဘဲ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို သယ်ဆောင်ကာ သံတောင်မြို့ကို ပြန်မောင်းသွားကြတယ်လို့ သိရပါတယ်။ 

ဇွန် ၁၆ ရက် ညနေ ၄ နာရီအချိန်တုန်းကလည်း သံတောင်ကြီးမြို့နယ် ဘုရင့်နောင်တပ်စခန်းမှထွက်လာတဲ့ စစ်ကောင်စီမော်တော်ယာဉ် ၁၀ စီးကို သံတောင်-တောင်ငူလမ်းရှိ ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ တပ်ရင်း ၅ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က အရာရှိတဦးအပါအဝင် ၇ ဦးသေဆုံးခဲ့ပါသေးတယ်။ 

ပုံစာ - KNU တပ်မဟာ ၂ တပ်ရင်း ၅ မှ တပ်ဖွဲ့ဝင်များ စစ်ကြောင်းထွက်နေစဉ်( ပုံဟောင်း)။

သတင်း-အောင်ကောင်းလင်း၊ စာတည်း-လင်းဇေ

#မြေလတ်အသံ

#သံတောင် #တောင်ငူမြို့ #စစ်ကောင်စီ #KNU #ပြောက်ကျား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10