သံတောင်ကြီးက မြို့နယ်ပညာရေးမှူးရုံး မီးလောင်

သံတောင်ကြီးက မြို့နယ်ပညာရေးမှူးရုံး မီးလောင်

 

 

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ်၊ သံတောင်ကြီးမြို့၊  အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းအနီးရှိ မြို့နယ်ပညာရေးမှူးရုံး မီးလောင်လို့ ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန်လ ၂၀ ရက် မနက် ၁ နာရီခန့်မှာ သံတောင်ကြီးမြို့နယ်ပညာရေးမှူးရုံး မီးလောင်မှုဖြစ်ပွားခဲ့လို့ ဒေသခံ ပြည်သူတွေနဲ့ မီးသတ်အဖွဲ့တွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

"မီးက လူတွေ အိပ်ကောင်းချိန်လောင်တာ။ ဘာကြောင့်လောင်လဲဆိုတော့ ရှို့မီးလို့တော့ ပြောကြတာပဲ။ ကိုယ်တိုင်မမြင်လို့ အတည်ပြုဖို့တော့ ခက်တယ်။ တော်တော်လေးလည်း လောင်သွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

မီးလောင်လို့ အုတ်ခံ၊ ပျဥ်ထောင် ၂ ထပ် အဆောက်အဦးတခုလုံး အားလုံးနီးပါး မီးလောင်ခဲ့သလို ရုံးသုံး စာရွက်စာတမ်းတွေနဲ့ ရုံးအသုံးအဆောင်ပစ္စည်း၊ စာရေးကိရိယာတွေ မီးလောင်ပျက်စီးသွားတယ်လို့ဆိုပါတယ်။

မီးလောင်မှုဖြစ်ပွားပြီး ၁ နာရီကျော်အကြာမှာ မီးညွန့်ကျိုးသွားပြီး မီးငြိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့ မြို့နယ်ပညာရေးမှူးရုံးကို KNU၊ PDF အဖွဲ့တွေ မီးရှို့သွားတယ်လို့ ဖော်ပြထားပေမယ့် မြေလတ်အသံကတော့ အတည်မပြုနိုင်သေးပါဘူး။

မတ်လ ၂၅ ရက်က သံတောင်ကြီးမြို့နယ်၊ သံတောင်-တောင်ငူကားလမ်းဘေးက မိုင်တိုင် ၁၁ အနီးက စစ်ကောင်စီသစ်တောဌာနပိုင် သစ်တောပျိုးဥယျာဥ် မီးရှို့ခံရပြီး ပျိူးပင်တွေနဲ့ ကျွန်းမျောတိုင်တွေ မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

# မြေလတ်အသံ 

#ပဲခူးတိုင်း #ကရင်ပြည်နယ် #သံတောင်ကြီး #မြို့နယ်ပညာရေးမှူးရုံး #မီးလောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10