သံတောင်မှာ စစ်တပ် တပ်စွဲထားတဲ့နေရာနဲ့ကင်းပုန်းနေရာ တိုက်ခိုက်ခံရလို့ အရာရှိတဦးအပါ ၃ ဦးသေဆုံးဟုဆို

သံတောင်မှာ စစ်တပ် တပ်စွဲထားတဲ့နေရာနဲ့ကင်းပုန်းနေရာ တိုက်ခိုက်ခံရလို့ အရာရှိတဦးအပါ ၃ ဦးသေဆုံးဟုဆို

ပဲခူးတိုင်းနဲ့ကရင်ပြည်နယ်အစပ် သံတောင်မြို့၊ ၇ မိုင်လမ်း(ကျောက်တိုင်လမ်းခွဲ)ရှိ စစ်ကောင်စီတပ်စွဲထားတဲ့နေရာနဲ့ ကင်းပုန်းနေရာတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သံတောင် PDF အဖွဲ့ဆီက သိရပါတယ်။

ဧပြီလ ၂၅ ရက် ည ၇ နာရီလောက်မှာ အင်အား ၅၀ ကျော် တပ်စွဲထားတဲ့စခန်းနဲ့ အင်အား ၁၀ ဦးကျော် ကင်းပုန်းဝပ်နေတဲ့နေရာတွေကို လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ People Defence Force – Thandaung တပ်ဖွဲ့တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။


"သူတို့စခန်းက ကျောက်တိုင်လမ်းခွဲမှာထားထားတာ လမ်းသွားလမ်းလာစစ်ဆေးဖို့။ သူတို့ကင်းပုန်းကလည်း စခန်းနဲ့ သိပ်မဝေးဘူးချထားတာ။ ကျနော်တို့ဘက်က စခန်းထဲကို ၂ လုံး၊ ကင်းပုန်းဘက်ကို ၁ လုံးပစ်ခဲ့တယ်" လို့ ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုမှာ စစ်ကောင်စီတပ်စခန်းအတွင်း ကျရောက်ပေါက်ကွဲလို့ စစ်ကောင်စီဘက်က ဒု-ဗိုလ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရသွားတာကို တပ်တွင်းဖရဲသီးတွေကနေတဆင့် ပြန်လည်သိရတယ်လို့ သူကဆိုပါတယ်။

ဒီသေဆုံးမှုနဲ့ ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီနေရာတွေကိုပစ်ခတ်ပြီး ပြန်လည်ဆုတ်ခွာလာချိန်မှာ စစ်ကောင်စီဘက်က လက်နက်ကြီး ၈ လုံးအပါအဝင် လက်နက်ငယ်တွေနဲ့ပါ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် သံတောင်မြို့အနီးကို ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၆၀ အရွယ်အဖွားအိုတဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၂ ရက်နေ့ကလည်း သံတောင်မြိုနယ်၊ ဘိုတဲကုန်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ People Defence Force – Thandaung တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့လို့ အဆိုပါစစ်ကောင်စီအဖွဲ့က ရွာထဲဝင်ပြီး ဒေသခံဆိုင်ကယ် ၅ စီးကို မီးရှို့သွားတယ်လို့ သိရပါတယ်။

စာတည်း-ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10