သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ချီတက်ဆန္ဒပြ (Photo news)

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ချီတက်ဆန္ဒပြ (Photo news)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတရွာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း သပိတ်အဖွဲ့တွေစုပေါင်းကာ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ အဖွဲ့ဝင်တွေဆီက သိရပါတယ်။

စက်တင်ဘာလ ၉ ရက် ဒီနေ့ မနက်ပိုင်းမှာ “Our Ambassador - Our Voice၊ ငါတို့သံအမတ် - ငါတို့အသံ” စာသားပါဘန်နာကိုင်စွဲပြီး ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့ဟာ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ရဲ့ ရက်ပေါင်း ၉၀၀ ပြည့် ဆန္ဒပြတဲ့နေ့ရက်လည်းဖြစ်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း၊  သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းနဲ့ မအက်စတာဇေနော တို့ကလည်း ဂုဏ်ပြုဗီဒီယိုဖိုင်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လူထုသပိတ်ကို ရွှေရေကြည်သပိတ်၊ ကယ်တင်ရှင်မရှာ တို့ကျေးရွာသပိတ်၊ သွေးမအေးတဲ့ ရွှေနွယ်သွေးသပိတ်၊ ယင်းမာပင်မြောက်ခြမ်း ကျေးရွာများသပိတ်စစ်ကြောင်း၊ ရွှေဥက္ကံသပိတ်၊ ပြည်သူ့အားမာန်သပိတ်၊ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ် စတဲ့သပိတ်အဖွဲ့အစည်းတွေ ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

 #မြေလတ်အသံ

#UN #သံအမတ်ကြီး #ဦးကျော်မိုးထွန်း #ထောက်ခံကြောင်း #သပိတ်စစ်ကြောင်း #ပြုလုပ်မှု #ယင်းမာပင် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10