ဟန်ငြိမ်းဦးတယ်လီဂရမ်မှာ ဖော်ပြခံရပြီးနောက် ၀န်ကြီးဟောင်း ဦးရဲထွဋ် ဖမ်းဆီးခံရ

ဟန်ငြိမ်းဦးတယ်လီဂရမ်မှာ ဖော်ပြခံရပြီးနောက် ၀န်ကြီးဟောင်း ဦးရဲထွဋ် ဖမ်းဆီးခံရ

ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေး၀န်ကြီးဟောင်း ဦးရဲထွဋ်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၈ ရက် မနေ့ညပိုင်းမှာ ပြန်ကြားရေး၀န်ကြီးဟောင်း ဦးရဲထွဋ်ကို အလုံမြို့ရဲစခန်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိမှာ အင်းစိန်ထောင်ကို ပို့ဆောင်ထားတယ်လို့ အကျဉ်းဦးစီးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

"ဦးရဲထွဋ်ကို အခု အင်းစိန်ထောင်မှာ ဖမ်းထားတယ်။ ပုဒ်မကတော့ ၅၀၅(က)နဲ့ပါ။ ကနဦးတော့ စစ်ဆေးနေတုန်းပဲ"လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက မြေလတ်အသံကို ပြောပါတယ်။

လူမှုကွန်ယက်မှာ စစ်ကောင်စီကိုဝေဖန်ရေးသားတယ်ဆိုကာ ဦးရဲထွဋ်ကို စစ်တပ်ထောက်ခံတဲ့အုပ်စုတွေဖြစ်တဲ့ ဟန်ငြိမ်းဦး၊ ကျော်စွာစတဲ့ တယ်လီဂရမ်ချန်နယ်တွေ ကနေ အောက်တိုဘာလ ၂၁ ရက်က ဖမ်းဆီးဖို့ဖော်ပြခံရပြီးနောက် တပတ်အကြာမှာ အခုလိုဖမ်းဆီးခံခဲ့ရတာပါ။

စစ်တပ်သတင်းထုတ်ပြန်ရေးတယ်လီဂရမ် News Of Myanmar ကတော့ ဦးရဲထွဋ်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူတဦးက အလုံမြို့မရဲစခန်းမှာ ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်တိုင်ကြားခဲ့လို့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒီကနေ့ အောက်တိုဘာလ ၂၉ ရက် မနက်ပိုင်းမှာလည်း ဖော်ပြထားပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပြန်ဝန်ဟောင်း #ဦးရဲထွဋ် #ဖမ်းဆီးခံရ #၅၀၅က #စစ်လော်ဘီ #တယ်လီဂရမ် #ဖော်ပြခံရ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10