ဟာသထူးချွန်ဆုရ မြင့်မြတ်နဲ့ခင်လှိုင်ကို စစ်ကောင်စီဒုဝန်ကြီး ဇော်မင်းထွန်း ဆုပေး (ရုပ်/သံ)

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္မူသီရိမြို့နယ်၊ MICC 1 ခန်းမမှာ ဟာသပညာရှင်များအစည်းအရုံးက ဦးဆောင်ကာ ဟာသပညာရှင်ထူးချွန်ဆုပေးပွဲနဲ့ သက်ကြီးဟာသပညာရှင်ကန်တော့ပွဲကို ဇူလိုင် ၇ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီပွဲကို စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားတာနဲ့ ဆုချီးမြှင့်ပေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ စစ်တပ်ပိုင်မီဒီယာတွေမှာ မနေ့ညပိုင်းက ထုတ်ပြန်လာပါတယ်။

လူရွှင်တော်အစည်းအရုံးဥက္ကဌဖြစ်သလို စစ်ကောင်စီနဲ့နီးစပ်မှုရှိတဲ့ ဒိန်းဒေါင်နဲ့ အုန်းသီးတို့က စစ်ကောင်စီဝန်ကြီး မောင်မောင်အုန်းနဲ့ နီးနီးကပ်ကပ်ရှိနေပြီး လူရွှင်တော်အများအပြားတက်ရောက်တာကိုတွေ့ရကာ စစ်တပ်ထောက်ခံသူဖြစ်တဲ့ အဆိုတော် ယုန်လေးလည်းတက်ရောက်ခဲ့တာကို စစ်တပ်မီဒီယာသတင်းရုပ်သံမှာ  တွေ့ရပါတယ်။

ဟာသထူးချွန်ဆုကို သရုပ်ဆောင့် မြင့်မြတ်နဲ့ခင်လှိုင် တို့ကရရှိခဲ့ပြီး ပရဟိတထူးချွန်ဆုကို ထူးခန့်ကျော် တို့က ရရှိခဲ့ကာ အဲ့ဒီဆုတွေကို စစ်တပ်သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပေးအပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်က စစ်ခေါင်းဆောင်ရဲ့ဇနီး ကြူကြူလှ ဦးဆောင်ပြုလုပ်တဲ့ မြန်မာအမျိုးသမီးများနေ့အကြိုပွဲကို တက်ရောက်ခဲ့ကြတဲ့ သရုပ်ဆောင်၊ အဆိုတော်နဲ့ လူရွှင်တော်တွေအပြင် အဲ့ဒီရက်ပိုင်းမှာပဲ စစ်တပ်အသိုင်းအဝိုင်းက ဦးဆောင်လုပ်တဲ့ နေပြည်တော်ကပွဲတခုမှာ Boycott ကို မသိဘူးလို့ ပြောဆိုခဲ့တဲ့ အဆိုတော် လေးဖြူလည်း ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#နေပြည်တော် #ခင်လှိုင် #ဒိန်းဒေါင် #ယုန်လေး #မြင့်မြတ် #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10