ဟိုက်ဂျက်ကားတစီး ချောက်ထဲကျလို့ အရပ်သား ၆ ဦးဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရ

ဟိုက်ဂျက်ကားတစီး ချောက်ထဲကျလို့ အရပ်သား ၆ ဦးဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရ

မကွေးတိုင်း၊ မြို့ရှောင်လမ်းက ကုန်တင်ကားကြီးကွင်းအနီးမှာ ဟိုက်ဂျက်ကားတစီးချောက်ထဲထိုးကျ တိမ်းမှောက်ခဲ့လို့ အရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရခဲ့ပြီး ၂ ဦးကတော့ စိုးရိမ်ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဇူလိုင် ၁၇ ရက် ဒီကနေ့နေ့လယ် ၁ နာရီဝန်းကျင်က ကားတစီးမှောက်နေတယ်လို့ သတင်းရတဲ့အတွက် လူနာတင်ယာဉ် ၃ စီးနဲ့ ကယ်ဆယ်ဖို့သွားရောက်ခဲ့ပြီး အခင်းနေရာအနေထားအရ ကားကို အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျသွားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“သူတို့က ချောက်ထဲကျနေတာ၊ ခေါင်းထိထားတဲ့ ၂ ယောက်ကတော့ အပြင်ပိုင်းက ဆုံးဖြတ်ပေးလို့ မရဘူး၊ ဓာတ်မှန်ရိုက်ပြီးမှ ဘာထိသွားလဲ သိမှာဗျ၊ လောလောဆယ်တော့ အပြင်ပုံသဏ္ဍာန်အရ သတိလစ်တယ်။ သွေးထွက်များတဲ့အတွက် စိုးရိမ်ရတဲ့အဆင့်ထဲ သတ်မှတ်လိုက်တာ"လို့ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း တာဝန်ခံတဦးက ပြောပါတယ်။

ကားတိမ်းမှောက်လို့ အမျိုးသား ၆ ဦး ဒဏ်ရာရခဲ့ကာ ဦးခေါင်းနောက်ပိုင်း ပေါက်ပြဲဒဏ်ရာနဲ့ သတိလစ်နေတဲ့ ၂ ဦးကတော့ စိုးရိမ်ရတဲ့အခြေနေမှာရှိနေပြီး တခြား ၄ ဦးကတော့ ခန္ဓာကိုယ်အနှံ့ ပေါက်ပြဲဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ မြို့ရှောင်လမ်းနေရာမှာ မကြာခဏဆိုသလို ယာဉ်တိုက်မှုတွေ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်ကလည်း အဲ့ဒီမြို့ရှောင်လမ်းက ကုန်တင်ကားကြီးကွင်းအနီးမှာ ဆိုင်ကယ်တစီးတိမ်းမှောက်တဲ့အတွက် အမျိုးသားတဦး လက်တဖက်ကျိုးခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မြို့ရှောင်လမ်း #ကုန်တင်ကားကြီးကွင်း #ဟိုက်ဂျက်ကားတစီးချောက်ထဲထိုးကျ #ကားမှောက်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10