ဟိုက်ဂျက်ကား ၁ စီး သစ်ပင်ဝင်တိုက်လို့ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ဟိုက်ဂျက်ကား ၁ စီး သစ်ပင်ဝင်တိုက်လို့ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာ၊ ဘူတာရပ်မှာ ဟိုက်ဂျက်ကား ၁ စီး သစ်ပင် ဝင်တိုက်ပြီး ၁ ဦးသေ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၃ ရက် မနက် ၉ နာရီခန့်မှာ ညောင်ဦးမြို့ခံ ဦးမြင့်သိန်းဇော်မောင်းလာတဲ့ကားက ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်း မိုင်တိုင်အမှတ် ၂၅/၇ နဲ့ ၂၅/၈ ကြားအရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

"ဟိုက်ဂျက်ကလည်းဖြစ်၊ အရှိန်ကလည်းများဆိုတော့ ကားအရှောင်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိတာ။ ကားပေါ်မှာက ယာဥ်မောင်းအပါအဝင် ၄ ဦးပါတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ယာဥ်မောင်းဦးမြင့်သိန်းဇော်၊ လိုက်ပါလာတဲ့ စိုင်းလွင်ထွန်း ၁၈ နှစ်၊ ဒေါ်ရီ ၇၇ နှစ် တို့ ဒဏ်ရာရခဲ့ပြီး ဒေါ်ဝင်းဝင်းဆိုသူကတော့ နေရာတင်သေဆုံးခဲ့လို့ ဒဏ်ရာရ၊ သေဆုံးသူတွေကိုဒေသခံလူမှုကူညီရေးအဖွဲ့တွေက ညောင်ဦးဆေးရုံကိုပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ယာဥ်တိုက်မှုကြောင့် ယာဥ်မောင်းဖြစ်သူ ဦးမြင့်သိန်းဇော်ကတော့ ညောင်ဦးရဲစခန်းမှာ အမှုဖွင့်ခံထားရ တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

၂၀၂၃ စက်တင်ဘာ ၂၈ ရက်ကလည်း ညောင်ဦးမြို့နယ်၊ တောင်ဇင်းနယ်မြေ၊ လျှော်ပင်ကျေးရွာအနီး ရေကျော်ချောင်းထဲမှာ ကားနဲ့ ချောင်းကိုဖြတ်ကူးချိန် ချောင်းကျရေစီးနဲ့ မျောပါလို့ သားအဖ ၂ ဦးသေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ညောင်ဦး #ကားတိုက် #ဟိုက်ဂျက် #သေဆုံး #ယာဉ်တိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10