ဟုမ္မလင်းက နောင်ပိုအောင်ရဲစခန်း တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးဟုဆို

ဟုမ္မလင်းက နောင်ပိုအောင်ရဲစခန်း တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေရွာရှိ စစ်ကောင်စီလက်အောက်ခံ နောင်ပိုအောင် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဧပြီလ ၂ ရက်ညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစခန်းမှာ ရဲအင်အား ၁၅ ဦးဝန်းကျင် တပ်စွဲနေပြီး သူတို့ကို မနေ့ည ၉ နာရီခွဲလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ Homalin People's Defense Force -HPDF 124 တာဝန်ခံ ကိုချာလီက ပြောပါတယ်။


“တိုက်ပွဲချိန်က ၁၅ မိနစ်လောက်ပဲ ကြာတယ်။ အဲဒီစခန်းမှာ သေဆုံးတာက ၃ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူတွေ များတယ်” လို့ Homalin People's Defense Force -HPDF 124 တာဝန်ခံ ကိုချာလီက ပြောပါတယ်။

တိုက်ပွဲအတွင်း ရဲ ၃ ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးရဲဘော်တွေက ပြောပေမယ့် ဒီသေဆုံးမှုနဲ့ပတ်သက်လို့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် ရဲစခန်းအတွင်းက ဘန်ကာနဲ့ အဆောက်အဦးတွေ ပျက်စီးခဲ့ပြီး၊ လက်ရှိအချိန်အထိ ရဲတွေဘက်က စစ်ရေးလှုပ်ရှားမှုလုပ်ဖို့ ပြင်ဆင်နေတဲ့အပြင် လက်နက်တွေနဲ့လည်း ပစ်ခတ်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။

Homalin People's Defense Force -HPDF 124၊ ခန္တီးခရိုင် တပ်ရင်း (၁)၊ HPDF - မိုးကြိုးနဲ့ HPDF အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်ကလည်း တော်စီရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို Homalin People's Defense Force -HPDF 124 အဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကာ HPDF 124 ရဲဘော် ၁ ဦးလည်း လက်မောင်းကျည်မှန်ပြီး အရိုးကျိုးသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10