သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နတ်နန်းအုပ်စု၊ တုံစီကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်က အထိနာလို့ လေကြောင်းပစ်ကူခေါ်ပြီး ဆုတ်ခွာသွားရတယ်လို့ သိရပါတယ်။
မေလ ၁၇ ရက် နေ့လည် ၁၂ နာရီကနေ မေလ ၁၈ ရက်နေ့ထိ ခလရ ၂၇၂ တပ်က တပ်စိတ် ၂ စိတ်အပါအဝင် SNA ပူးပေါင်းအင်အား ၁၂၀ ပါတဲ့ စစ်ကြောင်းနဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“သူတို့စစ်ကြောင်းကို ကျနော်တို့က ပဇောက်ပုံစံဝိုင်းပြီး ပစ်တဲ့အခါ လေယာဉ်ပစ်ကူနဲ့ ပြန်ကဲ့ထုတ်ရတဲ့အနေထားဗျ၊ ဗုံးသီး ၄ လုံးချတယ်၊ ၁ လုံးပဲကွဲတယ်၊ ခုပြည်သူတွေ တွေ့တဲ့အနေထားအရ ၁၂၀ ပါ စစ်ကြောင်းက ၆၀ လောက်ပဲ ပြန်ပါလာတယ်၊ အလောင်းတွေကို ထွန်စက်နဲ့တင်သွားတယ်။” လို့ HPDF အဖွဲ့ ရဲဘော်တဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က အထိနာတဲ့အတွက် ၁၈ရက်နေ့ ၁နာရီလောက်မှာ ကင်းထောက်လေယာဥ်နဲ့တကြိမ်၊ Y8 နဲ့ တကြိမ်၊ MI 17နဲ့ တကြိမ် စုစုပေါင်း ၃ စီး နဲ့ ဗုံးသီး ၄လုံးချကာ လေကြောင်းပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။