အကြွေး သိန်း ၁ ထောင်နဲ့  ၂ နှစ်ပြည့်ထိ ရှေ့ဆက်လာတဲ့ ကျားသစ်နက်တပ်ဖွဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာ အခြေစိုက်ပြီး စစ်ကောင်စီကိုတော်လှန်နေတဲ့ ကျားသစ်နက်တပ်မတော် Black Leopard Army အဖွဲ့ဟာ လက်နက်ကိုင်တော်လှန်ရေးထဲကို ထဲထဲဝင်ဝင်လုပ်ဆောင်ခဲ့တာဆိုရင် ၂ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

အဖွဲ့အနေနဲ့ တော်လှန်ရေးထဲကနေ ထွက်ခွာချင်လောက်အောင် အခက်အခဲမျိုးစုံဖြစ်ခဲ့ပြီး အကြွေး သိန်း ၁ ထောင်နီးပါးတင်ခဲ့တဲ့အကြားမှ ယနေ့ အောက်တိုဘာ ၂၃ ရက် နံနက် ၉ နာရီမှာ ၂ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို မဖြစ်ဖြစ်အောင် လုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ရဲ့ ဥက္ကဌ ကိုဥက္ကာ ပြောပါတယ်။

၂ နှစ်အတွင်းမှာ အဖွဲ့အနေနဲ့ တိုက်ပွဲပေါင်းက ၇၈ ပွဲ ဖော်ဆောင်ခဲ့ပြီးတော့ စစ်ကောင်စီတပ်သား ၁၅၅ ယောက်သုတ်သင်ရှင်းလင်းထားနိုင်ခဲ့သလို တပ်ဖွဲ့က ရဲဘော် ၁၃ ယောက်သေဆုံးပြီးတော့ ၆ ယောက် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းစွန့်လွှတ်ရတဲ့ ဒဏ်ရာရရှိတယ်လို့ သူက ပြောပါတယ်။

တပ်ဖွဲ့ဝင်အင်အား ခုနှစ်ရာနီးပါး ရှိလာလို့ လက်နက်ခဲယမ်းလိုအပ်တာ စားနပ်ရိက္ခာလိုအပ်တာတွေနဲ့ရင်ဆိုင်နေရပြီး ပြည်သူက အကြွေးတချို့ကို ဆပ်ပေးနေပေမယ့် အကြွေးသိန်း ၁ ထောင်နဲ့ ၂ နှစ်ပြည်ခဲ့ပြီလို့ ဆိုပါတယ်။ 

၂ နှစ်ပြည့်အထိမ်းအမှတ်အအဖြစ် အကျဉ်းရုံးပြုလုပ်ခဲ့ရပြီး ပြီးခဲ့တဲ့ ၁ နှစ်ပြည့်မှာတော့ ကြားကာလပညာရေးကျောင်း ၁ ကျောင်းကို ၅ သိန်းနှုန်းနဲ့ ကျောင်း ၁၁ ကျောင်းကို ပြည်သူတွေအကူညီနဲ့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #စစ်ကိုင်းတိုင်း #ယင်းမာပင် #ကျားသစ်နက်တပ်ဖွဲ့  #BlackLeopardArmy #ငွေကြေးအခက်ခဲ #စားနပ်ရိက္ခာလိုအပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10