အခိုင်အမာတပ်စွဲထားတဲ့ စခန်းကို ဒရုန်းနဲ့ အကြိမ်၂၀ ကျော် တိုက်ခိုက်ခံရလို့ ၅ ဦးသေ ၁၀ ဦးကျော် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းရွာမှာ တပ်စွဲထားတဲ့ တပ်မ ၃၃ က စစ်သားတွေကို ဒရုန်းနဲ့အကြိမ် ၂၀ ကျော် တိုက်ခိုက်လို့ ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ကျောက်ဆည်နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အင်အား ၅၀ လောက်နဲ့ ထီးဆောင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကိုင်း တပ်မ ၃၃ က စစ်သားတွေကို ဇွန်လ ၄ ရက် မနက် ၇ နာရီမှာ ဒရုန်းစစ်‌ဆင်ရေးအနေနဲ့ ဒရုန်း ၇ စီးမှာ ဗုံးသီး ၂၀ ကျော်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်နဂါးနီပြည်သူ့ကာကွယ်ရေးတပ် ဒုတပ်ရင်းမှူး ဆရာလေးက ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြေပြင်သတင်းပေးတွေဆီကတဆင့် သိရတယ်လို့ ဆိုပါတယ်။

အဲ့ဒီထီဆောင်းရွာဟာ စစ်ကောင်စီအတွက် အရေးပါတဲ့ စစ်ရေးထောက်ပို့အဖြစ် အသုံးပြုတဲ့ လမ်းပိုင်းတခုဖြစ်တဲ့အတွက် အခိုင်အမာ စခန်းချတပ်စွဲထားတာလို့ ဆိုပါတယ်။

တိုက်ခိုက်ခံရပြီးနောက် လက်ရှိအချိန်အထိ စခန်းကိုစွန့်ခွာသွားပြီး အဲ့ဒီစခန်းထဲကို ပြန်မဝင်ရဲသေးဘူးလို့ ပြောပါတယ်။

တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်တပ်ရင်း - ၁(နဂါးနီတပ်ရင်း)၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း-၇(Zero ပြောက်ကျားတပ်ဖွဲ့)၊ ရွှေဘိုခရိုင်တပ်ရင်း၁၅၊ မိုးညို(Local PDF) နဲ့ MRTF Drone Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

#မြေလတ်အသံ

#ထီးဆောင်းရွာ #စစ်ကောင်စီစခန်း #ဒရုန်း #ဗုံးကြဲခံရ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10