“အခုအချိန်မှ တော်လှန်ရေးထဲကို ပါဝင်လာလို့ စိုးရိမ်၊ ကြောက်ရွံ့၊ အားနာတာမျိုးတွေ မခံစားစေဖို့ တိုက်တွန်းလိုတယ်။” (အင်တာဗျူး)

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုမထမ်းမနေရဥပဒေကျင့်သုံးတာကို ပြည်သူတွေအနေနဲ့ ပေါ့ပေါ့ဆဆမတွေးဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲဝင်ဖို့ကို တွန့်ဆုတ်မနေဖို့  ပြည်သူ့လွတ်လပ်ရေးတပ်တော် (People Independence Army – PIA ) ရဲ့ တာဝန်ခံ ကိုမိုးနေလက ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ(နိုင်ငံသားတိုင်းစစ်မှုမထမ်းမနေရဥပ‌ဒေ)ကို ဖေဖော်ဝါရီ ၁၀ ရက် နေ့က စတင်အသက်ဝင်ကြောင်း စစ်တပ်ကထုတ်ပြန်ခဲ့ပြီး အမျိုးသမီးတွေ အသက် ၁၇ နှစ် ကနေ ၂၇ နှစ် အတွင်း အမျိုးသား အသက် ၁၈ ကနေ ၃၅ နှစ်အတွင်းသတ်မှတ်ထားပါတယ်။

 

စစ်မှုမထမ်းမနေရဥပဒေထုတ်ပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက လူနေရပ်ကွက်တချို့မှာ   အိမ်ထောင်စုစာရင်းလိုက်ကောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဒါ့အပြင် နအဖစစ်အစိုးရလက်ထက်က ရေးဆွဲခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေ စစ်မှုပြန်ထမ်းဖို့ အရန်တပ်ဖွဲ့ဥပဒေကိုပါ  အာဏာသိမ်းစစ်တပ်က ဖေဖော်ဝါရီ ၁၃ ရက်မှာ  ထပ်မံ အသက်သွင်းခဲ့ပါတယ်။

 

တည်းဖြတ် - ဟယ်ရီ

 

#မြေလတ်အသံ

#စစ်မှုမထမ်းမနေရဥပဒေ #PIA #PeopleIndependenceArmy

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10