အချိန်မီဆေးမကုရတာနဲ့ ဆေးဝါးအခက်အခဲကြောင့် ၁၉နှစ်အရွယ် PDF ရဲဘော်တဦး ဆုံးပါး (ရုပ်/သံ)

စစ်ကိုင်းတိုင်းထဲမှာ အားကောင်းကောင်းနဲ့ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့တွေထဲက တခုဖြစ်တဲ့ Zero ပြောက်ကျားတပ်ဖွဲ့ ရဲဘော်တဦး နာမကျန်းဖြစ်ကာ ဆုံးပါးသွားပါတယ်။

စစ်ကိုင်းတိုင်းအတွင်းအခြေစိုက်ထားတဲ့ မြင်းခြံခရိုင် တပ်ရင်း ၇၊ Zero ပြောက်ကျားတပ်မဟာရဲ့ တပ်ဖွဲ့ဝင် အသက် ၁၉ နှစ်အရွယ် ရဲဘော်ချစ်ဖွယ်ဟာ  ၃ရက်လောက် ဖျားပြီးနေမကောင်းဖြစ်ကာ စက်တင်ဘာ ၁၉ ရက်က ဆုံးသွားခဲ့တာလို့ တပ်ရင်းမှူးက ပြောပါတယ်။

၄ နာရီကြာသွားရတဲ့ ဆေးခန်းကိုပို့ပြီး ကုသခဲ့ပေမယ့်လည်း ဆေးဝါးမပြည်စုံတာ၊ စက်ပစ္စည်းမရှိတာတွေကြောင့် နောက်ထပ်ဆေးခန်းကိုအပြောင်းမှာ အချိန်မမီလိုက်ဘဲ ဆုံးပါးသွားခဲ့ရတာလို့ဆိုပါတယ်။

ရဲဘော်ချစ်ဖွယ်ရဲ့ ဈာပနကို အကျဉ်းချုံးကာ မီးသင်္ဂြိုဟ်ပြီး အရိုးပြာအိုးကို ယာယီအုတ်ဂူပြုလုပ်ပေးထားတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးပြီးမြောက်တဲ့ကာလရောက်ရင်တော့ အမှတ်တရဂူဗိမ္မာန်အဖြစ် ပြန်လည်ပြင်ဆင်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မြင်းခြံ #ဇီးရိုးပြောက်ကျား #ရဲဘော် #သေဆုံး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10