အခြေခံစစ်သင်တန်းပြီးဆုံးတဲ့ ရဲဘော်တွေကို ယူနီ‌ဖောင်း မပေးနိုင်သေး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ MBT ရဲ့ အပတ်စဉ် ၁၀ အခြေခံစစ်သင်တန်းပြီးဆုံးခဲ့ပေမယ့် ရဲဘော်တွေ သင်တန်းအတွင်းမှာ ယူနီ‌ဖောင်းမဝတ်ဆင်နိုင်ခဲ့ဖူးလို့ Myingyan Black Tiger-MBT အဖွဲ့ဆီက သိရပါတယ်။

အပတ်စဉ် ၁၀ အခြေခံစစ်သင်တန်းဆင်းပွဲကို MBTတပ်ဖွဲ့ဌာနချုပ်အခြေစိုက်တဲ့ တနေရာမှာ ဧပြီ ၂၁ ရက်က ပြုလုပ်ခဲ့တယ်လို့ MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

အဲဒီ အခြေခံစစ်သင်တန်းကို ဧပြီ ၇ ရက်က စတင်ပြုလုပ်တာဖြစ်ပြီး တိုက်ခိုက်ရေးပိုင်း စိတ်ဓါတ်ပိုင်းနဲ့ စစ်ရေးအပြင် အခြေခံစစ်ရေးပြတို့ကို ၁၅ ရက်ကြာအောင် MBTက သင်တန်းဆရာတွေနဲ့ သင်ကြားခဲ့တယ်လို့  ပြောပါတယ်။

သင်တန်းသား ၂၅ ဦးရှိပြီး ရန်ကုန်က ရဲဘော်တွေနဲ့ ပြည်နယ်ဘက်က ရဲဘော်တွေ ပါဝင်ကာ အခုအပတ်စဉ် ၁၀ သင်တန်းဟာ အပတ်စဉ်တွေထဲမှာ အခက်အခဲဆုံးနဲ့ စိတ်အပင်ပန်းရဆုံး သင်တန်းတခုဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ရေးရှုပ်ထွေးနေချိန်နဲ့ လက်နက်ကြီးထုတ်လုပ်ဖို့ အားစိုက်နေရလို့ ယူနီဖောင်း ဖိနပ်ကအစ မပေးနိုင်သေးသလို လက်နက်ခဲယမ်းလည်းမပြည့်စုံသေးဘူးလို့ ဆိုပါတယ်။

သင်တန်းဆင်းရဲဘော်တွေကို လာမယ့်တိုက်ပွဲတွေမှာ အတွေ့အကြုံရှိပြီးသား ရဲဘော်တွေနဲ့ တွဲဖက်ပြီး စစ်မြေပြင်ကို လွှတ်ဖို့ရှိနေပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရေစကြို #အပတ်စဉ်၁၀ #အခြေခံစစ်သင်တန်းဆင်း #ယူနီ‌ဖောင်း #လက်နက် #လိုအပ်မှု #MBT #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10