အဂတိကျော်ဇောနဲ့ ထိန်းသိမ်းခံထားရတဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဌနေရာကနေ ဖယ်ရှား

အဂတိကျော်ဇောနဲ့ ထိန်းသိမ်းခံထားရတဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဌနေရာကနေ ဖယ်ရှား

စစ်ကောင်စီဖွဲ့စည်းထားတဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဌ နေရာကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ အစားထိုးပြီး ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ စစ်ကောင်စီက စက် တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ယခင်နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဌဖြစ်တဲ့ စစ်ကောင်စီအဖွဲ့ဝင်လည်းဖြစ်သူ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ  စက်တင်ဘာလ တတိယပတ်အတွင်းမှာ  ထိန်းသိမ်းစစ်ဆေးခံနေရပြီးတဲ့နောက် သူတာဝန်ယူထားတဲ့ အဲ့ဒီဥက္ကဌနေရာကနေ ဖယ်ရှားခံလိုက်ရတာပါ။

“ သူ့ကိုအဂတိမှုနဲ့ စစစ်နေပြီ။ လက်ရှိမှာ သူ့ပိုင်ဆိုင်မှု ကားတွေ၊ တိုက်တွေ အကုန်သိမ်းထားတယ် “ လို့ မြေလတ်အသံရဲ့နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးနဲ့ ထိရောက်စွာအသုံးပြုနိုင်ရေးဆိုကာ စစ်ကောင်စီကဖွဲ့စည်း၏ထားတဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီမှာ စစ်ခေါင်းဆောင်ယုံကြည်ရတဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ဥက္ကဌအဖြစ်ခန့်အပ်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက ထုတ်ပြန်ပြင်ဆင်ဖွဲ့စည်းခဲ့တာပါ။

ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေတဲ့ကိစ္စနဲ့ စားအုန်းဆီတင်သွင်းတဲ့ စက်တင်ဘာလဆန်းပိုင်းမှာ လုပ်ငန်းရှင်တွေအပါအဝင် စီးပွားရေးလုပ်ငန်းရှင်အများအပြားကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးခဲ့ပြီးတဲ့နောက် ကုန်သွယ်မှုနဲ့ကုန်စည်စီးဆင်းရေး မှန်ကန်မြန်ဆန်မှုကော်မတီအတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုးကိုလည်း စစ်ဆေးနေတယ်လို့ စစ်တပ်သတင်းထုတ်ပြန်ရေးတယ်လီဂရမ် News Of Myanmar မှာ စက်တင်ဘာဒုတိယအပတ်ထဲမှာပဲ ဖော်ပြခဲ့ပါတယ်။

ဗိုလ်မှူးချုပ် ရန်နောင်စိုး စစ်ဆေးနေဆဲ ရက်ပိုင်းအတွင်းမှာပဲ သူ့ရဲ့အထက်က ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဟာလည်း ဆက်လက်ထိန်းသိမ်းစစ်ဆေးခံနေရတာပါ။

ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီဥက္ကဌအပြင် မြန်မာနိုင်ငံရင်းနှီး မြုပ်နှံမှုကော်ပိုရေးရှင်း(MIC) ဥက္ကဌအဖြစ်လည်း ပူးတွဲတာဝန်ယူထားတာဖြစ်ပြီး စစ်ဗိုလ်ချုပ်တွေ ထိန်းချုပ်နေတဲ့ မြန်မာနိုင်ငံစီးပွားရေးဟာလည်း အကျပ်အတည်းတွေဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။

ပုံစာ - စစ်ကောင်စီ အစည်းအဝေးတခုတွင်တွေ့ရသည့် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#သတင်း #အဂတိမှု #နိုင်ငံခြားသုံးငွေ #ကြီးကြပ်မှုကော်မတီ #ဥက္ကဌ #ဒုဗိုလ်ချုပ်ကြီး #မိုးမြင့်ထွန်း #ထိန်းသိမ်း #စစ်ဆေး #စီးပွားရေး #အကျပ်အတည်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10