အငတ်ဘေးဆိုက်လာတဲ့ အညာက ပျူစောထီးအားကောင်းတဲ့ ရွာတွေ (ရုပ်သံဆောင်းပါး)

မကြည်တို့ မိသားစုဟာ ၂ နှစ်ကျော်ကြာ စားဝတ်နေရေးခက်ခဲမှုဒဏ်၊ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေကို ကြောက်လန့်နေရတဲ့ဒဏ်တွေကို မခံနိုင်တဲ့အဆုံး နေအိမ်နဲ့ ပိုင်ဆိုင်တဲ့လယ်ယာတွေကို ကျောခိုင်းကာ သူတို့ဇာတိ ဟံသာဝတီရွာကနေ ထွက်ခွာဖို့  ဆုံးဖြတ်လိုက်ပါတယ်။ 

ဟံသာဝတီရွာမှာ ဆား၊ အချိုမှုန့်၊ ငပိ၊ ငံပြာရည်၊ ဟင်းခပ်အမွှေးအကြိုင်၊ ထန်းလျက်၊ လက်ဖက်ခြောက်၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည် စတဲ့အခြေခံစားသောက်ကုန်နဲ့ အသုံးအဆောင်တွေ ပြတ်လပ်နေတာ ၂ နှစ်ကျော်ရှိပြီး လောက်စာလုံးအရွယ် ထန်းလျက်တခဲကို ကျပ် ၁,၀၀၀၊ ကျပ် ၁,၅၀၀ အထိ ဈေးပေါက်တယ်လို့ မကြည်က ရွာထဲကအခြေနေကို ပြောပြပါတယ်။

ဒီလို အခြေခံစားသောက်ကုန်တွေဈေးကြီးပြီး စားသောက်ရေးကျပ်တည်းလာတာကြောင့် အခုနှစ် ဧပြီ ၁၃ ရက်မှာ သူတို့မိသားစု ၃ ယောက် ကျေးရွာကနေ တိတ်တဆိတ်ထွက်ခွာခဲ့ကြပါတယ်။ 

တည်းဖြတ် - HP

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #သတင်းဆောင်းပါး #ပျူစောထီး #စားဝတ်နေရေး #အလင်းဝင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10