အင်ကြင်းတောင် ပြည်သူ့စစ်စခန်းက ပျူစောထီး ၁ ဦး ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)ထံ အလင်းဝင်

အင်ကြင်းတောင် ပြည်သူ့စစ်စခန်းက ပျူစောထီး ၁ ဦး ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်ပြည်သူ့စစ်စခန်းက ပျူစောထီး ၁ ဦး Student's Revolutionary Force ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)ထံ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၀ ဝန်းကျင်ရှိ ပျူစောထီး ကိုဇင်ကိုဟာ ပျူစောထီးအချင်းချင်းနှိပ်စက်‌တာတွေ ခံရတာကြောင့် ဇန်နဝါရီ ၂၄ ရက် မနေ့က အလင်းဝင်လာတာလို့ S.R.F ရဲဘော် Bravo က ပြောပါတယ်။

"ဘာကြောင့်အလင်းဝင်လာလဲဆိုတာ သူပြောပြချက်အရ သူတို့က တိရစ္ဆာန်တွေလိုပဲနေရတယ်၊ ပြည်သူ့စစ်စခန်းနေရာမှာ စစ်တပ်စခန်းတခုလိုပဲ ကင်ကုန်းမှာနေရတာ" လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီနေရာကို  ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့အနေနဲ့တိုက်ခိုက်မှု ၂ ကြိမ်ရှိခဲ့ပြီး ပထမအကြိမ်မှာ ပျက်စီးမှုမရှိခဲ့ဘဲ ဒုတိယအခေါက်မှာတော့ အမာခံကုန်းတွေကို ခြေမှုန်းနိုင်ခဲ့တယ်လို့ ရဲဘော် Bravo က ဆိုပါတယ်။

"အဲ့ဒီလိုဖြစ်တော့ သူတို့စိတ်ဓါတ်ပျက်ပြားရတာလည်း ပါတာပေါ့၊ ပြည်သူ့စစ်ဆိုတာက ရွာသားတွေပဲ၊ စစ်သင်တန်းပေးပြီး သေနတ်ပေးထားတာ၊ ကုန်းပေါ်ကနေ ရွာထဲလည်းဆင်းခွင့်မရ ရွာထဲကနေရွာအပြင်လည်း ထွက်ခွင့်မရှိဘူး" လို့ သူကဆက်ပြောပါတယ်။

S.R.F အဖွဲ့ဟာ မင်းကင်းနယ်မြေထဲမှာ တိုက်ပွဲဖော်ဆောင်မှုတွေ အများဆုံး ပြုလုပ်နေပြီး ယခင်တိုက်ပွဲတွေမှာလည်း အင်ကြင်းတောင်ပြည်သူ့စစ်စခန်းက လက်နက်နဲ့ဖမ်းမိသူ သက်ကြီးအမျိုးသား ၃ ဦးကို လွှတ်ပေးလိုက်ပြီး လက်နက်ကိုသာ ယူထားလိုက်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မင်းကင်းမြို့နယ် #ပြည်သူ့စစ်စခန်း #အင်ကြင်းတောင် #ပျူစောထီး #SRF #တိုက်ပွဲဖော်ဆောင် #လက်နက်ခဲယမ်း #အလင်းဝင် #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10