အင်အားရာကျော်ပါတဲ့ မိုးရေထဲက လူထုသပိတ် (Photo News)

အင်အားရာကျော်ပါတဲ့ မိုးရေထဲက လူထုသပိတ် (Photo News)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲက ကျေးရွာတရွာမှာ မိုးရွာနေတဲ့ကြားက လူအင်အားရာချီနဲ့ လူထုသပိတ်စစ်ကြောင်း ထွက်ခဲ့တယ်လို့ အရာတော်မြို့နယ် လူထုသပိတ် ဦး‌ဆောင်ကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုသက်နောင် ဆီက သိရပါတယ်။

 

ဇူလိုင် ၅ ရက် ဒီနေ့ညနေ ၆ နာရီမှာ ကျင်းပခဲ့တာဖြစ်ပြီး ကျေးရွာက ပြည်သူအင်အား ၅၀၀ ကျော်ပါဝင်ခဲ့ကာ “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်" စာသားပါ ဘန်နာကိုင်စွဲကာ ကြွေးကြော်သံတွေနဲ့ ကျေးရွာတွင်း လှည့်လည်ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

 

 

အဆိုပါသပိတ်စစ်ကြောင်းကို အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ အရာတော်မြို့နယ် ကျောင်းသားများ သမဂ္ဂ(ဗကသ များအဖွဲ့ချုပ်) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

 

#မြေလတ်အသံ

#စစ်ကိုင်း #အရာတော် #လူထုသပိတ် #အင်အားရာကျော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10