အင်အား ၁၀၀ ကျော်ပါစစ်ကြောင်း မိုင်းဆွဲခံရလို့ ၁၅ ဦးထက်မနည်း သေဆုံးခဲ့လို့ဆို

အင်အား ၁၀၀ ကျော်ပါစစ်ကြောင်း မိုင်းဆွဲခံရလို့ ၁၅ ဦးထက်မနည်း သေဆုံးခဲ့လို့ဆို

မတ္တရာမြို့နယ်၊ ကင်းကျေးရွာထဲမှာ အင်အား ၁၀၀ ကျော်နဲ့ ၆ လကျော်ကြာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ ဖေဖော်ဝါရီ ၁၅ ရက်မနက် ၇ နာရီမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ PDF တာဝန်ရှိသူက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ကင်းကျေးရွာကနေ ကျောက်တံတားမြို့ဘက်ကို ပြန်ထွက်သွားချိန် ရွာသာယာနဲ့ မကျီးကုန်းကျေးရွာအကြားကို အရောက်မှာ အသင့်ထောင်ထားတဲ့ ပဒေသာမိုင်း ၇ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ခံကိုနတ်ဆိုးက ပြောပါတယ်။

"စကစတွေက မိုင်းတွင်းထဲကို ဝင်တဲ့အချိန်မှာဘဲ ဖောက်ခွဲလိုက်လို့ သေဆုံးသူက ၁၅ ဦးနဲ့ ၂၀ ကြားမှာ ရှိတယ်။ ကျနော်တို့မျက်မြင်ပါ။ ဒဏ်ရာရသူတွေလည်း တော်တော်လည်း များတယ်ဗျ။ ကျနော်တို့က မိုင်း ၇ လုံးကို ၄ ပွိုင့်ခွဲ တိုက်ခိုက်ခဲ့တာဗျ" လို့ဆိုပါတယ်။

အခုလို မိုင်းဆွဲခံရပြီးနောက် စစ်ကြောင်းဟာ ကျောက်တံတားမြို့ဘက်ကို ဆက်လက်ထွက်ခွာသွားပြီး၊ ကျောက်တံတားဘက်ကနေတဆင့် ည ၁၂ နာရီကျော်အချိန်လောက်မှာ ကင်းကျေးရွာထဲကိုကား ၃ စီးနဲ့ ထပ်မံရောက်ရှိလာခဲ့တယ်လို့ ကိုနတ်ဆိုးက ပြောပါတယ်။

"စကစတွေက ပြန်ပြီးတော့ ရွာထဲမှာ အထိုင်ပြန်ချလာတယ်။ အင်အားအတိအကျတော့ မသိရသေးဘူးဗျ။ ဖောကား ၁ စီး၊ ပွိုင့်ကား ၃ စီးနဲ့ ရောက်လာတာ" လို့ ဆိုပါတယ်။

ဒီတိုက်တိုက်မှုကိုတော့ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့၊ ကောင်းကင်တော်လှန်ရေး အင်အားစု၊ ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါ တယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10