အင်းတကော်ကဆီဆိုင်မှာ ရေတင်တဲ့စက်နှိုးရာက မီးလောင်မှုဖြစ်ပြီး စက်နှိုးတဲ့ဝန်ထမ်း သေဆုံး

အင်းတကော်ကဆီဆိုင်မှာ ရေတင်တဲ့စက်နှိုးရာက မီးလောင်မှုဖြစ်ပြီး စက်နှိုးတဲ့ဝန်ထမ်း သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့၊ အမှတ် ၅ ရပ်ကွက်၊ ပဲခူး-ရန်ကုန်ကားလမ်းမဘေးရှိ FARMER စက်သုံးဆီဆိုင်မှာ ဇန်နဝါရီ ၁၉ ရက် ဒီနေ့ မနက် ၃ နာရီခန့်က မီးလောင်မှုဖြစ်ပြီး ဝန်ထမ်း ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဆီလှောင်ကန်နံဘေးရှိ လျှံကျနေတဲ့ စက်သုံးဆီတွေကို ရေဆေးချဖို့ ရေတင်စက်နှိုးရာက မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုအတွင်း အသက် ၂၀ အရွယ်ဆီဆိုင်ဝန်ထမ်း သန်းထွဋ်အောင် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

"ဓာတ်ဆီတွေဆိုတော့ အငွေ့တွေက ပျံ့နေတာဖြစ်လောက်တယ်။ မီးစက်နှိုးချိန်မှာ မီးပွားထွက်တော့ မီးကူးသွားပြီးလောင်တာ။ ကောင်လေးကတော့ မီးလောင်ဒဏ်ရာနဲ့ ဆုံးသွားတယ်"လို့ အင်းတကော်မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဆီတင်ဘောက်ဆာယာဥ်နဲ့ သယ်ယူလာတဲ့ စက်သုံးဆီတွေကို ဆီဆိုင်ရှိလှောင်ကန်အတွင်းထည့်သွင်းစဥ် ပြင်ပကို ဆီတွေလျှံကျခဲ့ရာမှ လျှံဆီတွေကို ရေဆေးချဖို့ လုပ်ဆောင်စဉ် အခုလိုမီးလောင်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားချိန် ဆိုင်ဝန်ထမ်းတွေက မီးသတ်ဆေးဗူးတွေနဲ့ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့သလို အင်းတကော်နဲ့ပဲခူးက မီးသတ်ယာဥ်တွေလာရောက်ငြိမ်းသတ်လို့  မိနစ် ၄၀ ခန့်ကြာ လောင်ကျွမ်းခဲ့ပြီးနောက် မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။

မီးလောင်သေဆုံးသွားတဲ့ ဝန်ထမ်းအလောင်းကိုတော့ ဒေသခံလူမှုကူညီရေးအသင်းတွေက ပဲခူးဆေးရုံကို ပို့ဆောင်ပေးထားကာ မီးလောင်မှုကြောင့် လူသေဆုံးခဲ့တာသာရှိပြီး စက်သုံးဆီဆိုင်မှာ ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုမရှိဘူးလို့ သိရပါတယ်။

ဇန်နဝါရီ ၁၈ ရက် မနေ့ည ၉ နာရီဝန်းကျင်ကလည်း အင်းတကော်မြို့နဲ့ကပ်လျက် လှည်းကူးမြို့နယ် လက်ပံကျေးရွာရှိ အမှိုက်ပုံမှာမီးလောင်မှုဖြစ်ပွားခဲ့သေးတယ်လို့ မြန်မာနိုင်ငံမီးသတ်ဌာနထုတ်ပြန်ထားပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #အင်းတကော် #စက်သုံးဆီဆိုင် #မီးလောင်မှု #လူသေဆုံး #မတော်တဆမှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10