အင်းတော်မှာ ကျောင်းထိုင်ဘုန်းကြီးတပါး အသတ်ခံရ

အင်းတော်မှာ ကျောင်းထိုင်ဘုန်းကြီးတပါး အသတ်ခံရ

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊  အင်းတော်မြို့နယ်မှာ ကျောင်းထိုင်ဘုန်းကြီးတပါး သတ်ခံထားရတဲ့ ရုပ်အလောင်းကို အောက်တိုဘာ ၁ ရက် မွန်းလွဲ ၁၂ နာရီကျော်မှာ တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီရုပ်အလောင်းဟာ ပင့်တင်ကျေးရွာရဲ့ကျောင်းထိုင်ဆရာတော် ဦးဥာဏိက ၅၃ နှစ်ဖြစ်ပြီး အလောင်းကို ရွာနဲ့ ၃မိုင်ခန့်ဝေးတဲ့ ပင်ဝေကျေးရွာအနီး မန္တလေး-မြစ်ကြီးနား ကားလမ်းဘေးမှာ ကျေးရွာသားတွေက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

"လက်ပြန်ကြိုးတုတ်ထားတယ်။ လည်ပင်းပြတ်ရှဒဏ်ရာနှစ်ချက်။ ဝမ်းဗိုက်ထိုးသွင်း ဗလပွဖြစ်နေတာကို အလောင်းမှာတွေ့ခဲ့ရတယ်။"လို့ အမည်မဖော်လိုတဲ့ ပင့်တင်ကျေးရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ဦးဉာဏိကဟာ သူနေထိုင်ရာဘုန်းကြီးကျောင်းမှာရှိနေစဉ် အရပ်ဝတ်နဲ့ သေနတ်ကိုင်ဆောင်သူ အမျိုးသား ၃ ဦးက စက်တင်ဘာ ၂၇ ရက် ညပိုင်းမှာ ဆိုင်ကယ် ၂ စီးနဲ့လာရောက်ဖမ်းဆီးသွားပြီးနောက် ၅ ရက်အကြာမှာ အခုလိုအလောင်းကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ဦးဉာဏိကရဲ့ ရုပ်အလောင်းကိုတော့ ကျေးရွာသားတွေက တွေ့ရှိတဲ့နေရာမှာပဲ မီးသင်္ဂြုဟ်ပေးလိုက်ကြတယ်လို့ ဆိုပါတယ် ။

ကျောင်းထိုင်ဘုန်းကြီးအသတ်ခံရမှုဟာ ဘယ်အဖွဲ့ကဘာကြောင့်လုပ်တယ်ဆိုတာကိုမသိရသေးသလို အင်းတော်မြို့နယ်ဟာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေအကြား တိုက်ပွဲတွေ မကြာခဏဖြစ်နေတာလည်း ဖြစ်ပါတယ်။

ပုံစာ-ဆရာတော် ဦးဉာဏိကရဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ထားပြီး အခြေအနေ။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #အင်းတော် #ကျောင်းထိုင်ဘုန်းကြီး #အသတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10