အင်းတော်မှာ စစ်ကောင်စီတပ်နဲ့ ABSDF တို့ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိ

အင်းတော်မှာ စစ်ကောင်စီတပ်နဲ့ ABSDF တို့ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ သောင်ကြီးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကျောင်းသားတပ်မတော် (ABSDF) တို့ အောက်တိုဘာ ၄ ရက် မနက် ၈နာရီကျော်မှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၅ ဦး သေဆုံးပြီး ABSDF ဘက်က ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Indaw Revo lution-IR က ပြောပါတယ်။

ဗန်းမောက်ဘက်ကနေ ထွက်ခွာလာတဲ့အင်အား ၁၀၀ ကျော်ပါတဲ့ တပ်မ ၇၇ လက်အောက်ခံတပ်ရင်းတခုက အင်းတော်မြို့နယ်၊ သောင်ကြီးကျေးရွာထဲကို ဝင်ရောက်ဖို့လာချိန် ABSDF က လမ်းမှာ မိုင်း ၁ လုံးဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ABSDF က ၄ ယောက် မစိုးရိမ်ဒဏ်ရာရတယ်။ စကစဘက်ကတော့ ၅ယောက်ထက်မနည်း သေဆုံးပြီးတော့ ဒဏ်ရာရသူတွေများခဲ့တယ်" လို့ Indaw Revolution-IR မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်းသေပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိတာကို စစ်ကောင်စီတပ်က အလောင်းတွေကိုထမ်းယူဖို့ အခေါ်ခံရတဲ့ သောင်ကြီးကျေးရွာသားတွေရဲ့ ပြောပြချက်အရအတည်ပြုခဲ့ တာဖြစ်တယ်လို့ IRမှတာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးတဲ့အခါ စစ်ကောင်စီတပ်က သောင်ကြီးကျေးရွာမှ ၂ မိုင်ခန့်ဝေးတဲ့ မော်တိတ်ကျေးရွာကို ထွက်သွားခဲ့ကာ အဲ့ဒီကျေးရွာထဲ ညအိပ်စခန်းချခဲ့ပြီးနောက် အောက်တိုဘာ ၅ ရက် မနက်ပိုင်းမှာ အင်းတော်မြို့ကို ထွက်ခွာသွားခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဩဂုတ် ၂၇၊ ၂၈ ရက်တို့မှာလည်း အင်းတော်မြို့၊ အနောက်ဘက် ၈ မိုင်ခန့်အကွာက မော်တိတ်ကျေးရွာမှာ တပ်စွဲထားတဲ့ အင်အား ၆၀ ဝန်းကျင်ရှိ စစ်တပ်စစ်ကြောင်းနဲ့ ကျောင်းသားတပ်မတော် ABSDF တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၈ ဦးသေဆုံးကာ ABSDF မှ ရဲဘော် ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အင်းတော်မြို့ #သောင်ကြီးကျေးရွာ #စစ်ကောင်စီ #ABSDF #မိုင်းဆွဲတိုက်ခိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10